အပိုင်း ( ၆ )

243 35 30
                                        

[ Uni ]

" ချစ်တယ်.. အစ်ကို့ရဲ့ ပန်းချီ‌တွေကိုရော အစ်ကို့ကိုရော သိပ်ချစ်တာမို့ ကျွန်တော့်ကို လက်ခံပေးပါ။ "

မျက်ရည်တွေ ဝဲနေတဲ့ အဲ့ဒီ ရွှေအိုရောင်မျက်ဝန်းညိုတွေက သိပ်ကို ညို့အားပြင်းလွန်းနေသည်။ မိုးတွေ ရွာနေလို့ထင်တယ်။ ချန်းယောလ်ဆုပ်ကိုင်ထားတဲ့ ဂယောင်ဆူးရဲ့ လက်ဖျားတွေ အေးစက်လို့နေသည်။

" ချန်း .. ချန်းယောလ် "

အနည်းငယ် မော့ကြည့်နေရတဲ့ အနေအထားမှာ ချန်းယောလ်က ဂယောင်ဆူးရဲ့ မျက်နှာကို ဆွဲယူကာ နှုတ်ခမ်းနှစ်လွှာကို ထိတွေ့စေပြီး ပြင်းရှရှ အနမ်းတစ်ခုကို ဖန်တီးလိုက်သည်။ ဂယောင်ဆူးလက်တွေက တွန်းဖယ်နေပေမဲ့ အားမထည့်ထားတာမို့ ချန်းယောလ်ဖက်က အဆင်ပြေပြေ ရှေ့ဆက်တိုးနေသည်။

" အင့် .. ချန်း .. ယောလ် .. လွှတ် .. အင့် "

အနမ်းတွေကြားက ဗလုံးဗထွေး ငြင်းဆိုနေတဲ့ အသံတွေကို ချန်းယောလ် လျှစ်လျူရှု့ထားသည်။

ချန်းယောလ်က အားမရတဲ့ဟန် ဒူးတစ်ဖက်ထောက်ထားရာမှ ထလာပြီး အနမ်းတွေ ရှေ့ဆက်သည်။

မိုးက သည်းအောင်ရွာနေဆဲပါ။
ချန်းယောလ်ကလည်း မရပ်တန့်သလို ဂယောင်ဆူးဖက်က ငြင်းဆန်နေတာတွေလည်း ရပ်တန့်သွားတော့သည်။

~

" ဒိုဂယောင်ဆူး! ပိုက်ဆံပေး! ငါဖဲရှုံးလာတယ်။ "

အသံနဲ့အတူ အရက်နံ့တွေပါ ရလိုက်တာမို့ ဂယောင်ဆူး စိတ်ပျက်လက်ပျက် ကျစ်စုတ်လိုက်သည်။ ကျစ်စုတ်သံကို ကြားသွားတဲ့ ဒိုအင်န်ယောင်းတစ်ယောက် ဂယောင်ဆူးရဲ့ ပုခုံးကို ကြမ်းကြမ်းတမ်းတမ်း ဆွဲသည်။

ကလေးတွေကို စာ‌သင်နေတဲ့အချိန် ဖြစ်တာမို့ ခုဏက ဆူညံနေတဲ့ ကလေးတွေရဲ့ အသံတွေက တိတ်ဆိတ်သွားသည်။ ကလေးတွေ လန့်မှာစိုးလို့ ဂယောင်ဆူး စာအုပ်တွေ ထပ်ခဲ့ပြီး ပြန်လို့ရပြီ ဖြစ်ကြောင်း ပြောလိုက်သည်။

" ဒီကောင်တော့! အကြီးကို မရိုမသေနဲ့! ငါလုပ်လိုက်ရ သေတော့မယ်! "

" မင်းက ရိုသေစရာရော ကောင်းနေလို့လား အင်န်ယောင်း! "

နီမြန်းပြီး စိတ်တိုသွားတဲ့ အင်န်ယောင်း မျက်နှာကို ဂယောင်ဆူး အရသာခံပြီး ကြည့်နေလိုက်သည်။ အိမ်ကို ပေါင်ပြီး သူ့ကိစ္စမဟုတ်သလို နေနေတဲ့ အင်န်ယောင်းက ပိုက်ဆံလိုတဲ့အခါကျ အိမ်ပြန်လာပြီး အလွယ်တကူ ပိုက်ဆံ ပြန်တောင်းနေသေးသည်။ အစ်ကိုအကြီးဆုံးလို့ မထင်ရလောက်အောင် ရွံစရာ ကောင်းလိုက်တာဆိုတာ။

မုန်းခွင့် မရှိတဲ့ " မောင် "Where stories live. Discover now