Part 2

4.3K 333 119
                                    

"အွန်း...…..ဝှါး!!!!!"

ရှိန်း နိုးလာတာနဲ့ တစ်ကိုယ်လုံးကို ဆန့်ကာ အညောင်းဖြေနေလိုက်တယ်။

"ဟင်!...အဂ္ဂိ...."

ရှိန်း အညောင်းဖြေနေရင်း မျက်လုံးဖွင့်ကြည့်လိုက်မှ သူ့ခန္ဓာကိုယ်က အဂ္ဂိပေါ်ရောက်နေမှန်း သတိထားမိတော့တယ်။ သူ့ဘယ်လိုများအိပ်လို့ အဂ္ဂိပေါ်ထိ ရောက်နေပါလိမ့်.....

"Sorry... sorry ငါထပေးမယ်....အာ့! အဂ္ဂိ....."

ညကတည်းက ဟိုလှိမ့်ဒီလှိမ့်လုပ်နေကာ နောက်ဆုံး ခန္ဓာကိုယ်ပေါ်ထိတက်အိပ်ပြီး ခုမှအသည်းအသန်ထဖို့လုပ်နေတဲ့ ရှိန်းကို အဂ္ဂိပြန်ဆွဲချလိုက်တယ်။

"အဂ္ဂိ.....မလုပ်နဲ့....‌ငါနောက်ကျနေရင်လာနှိုးကြမှာ...အဲ့ကျမြင်သွားရင်အသတ်ခံရလိမ့်မယ်....."

"ငါဂရုမစိုက်ဘူး...."

"အဂ္ဂိ ငါ့လက်တွေကိုလွှတ်လို့...."

ရှိန်း တကယ်ကို စိတ်ညစ်နေပါပြီ။ ခု အဂ္ဂိက သူ့လက်တွေကို ဆုပ်ကိုင်ထားတာမို့ သူ့မှာရုန်းမရတဲ့အပြင် သူက အဂ္ဂိဗိုက်ပေါ်တက်ခွရက်သားကြီး။ ဖေဖေတို့ထဲက တစ်ယောက်‌ယောက်များမြင်သွားရင် သူတော့သေတော့မှာပဲ......

"အဂ္ဂိ! ငါ့ကိုလွှတ်နော် ငါတကယ်စိတ်ဆိုးတော့မှာ...."

"ငိုလေ...."

"ဘာ!..."

"မင်းကငိုရင်ပိုလှတယ်...."

"ကျစ်! ဖယ်ကွာ...."

"ရှိန်း...."

"ဘာလဲ!"

"မိတ်လိုက်ရအောင်...."

"ဘာ! မရဘူးနော် အဂ္ဂိ! မင်းငါ့ကို သေအောင်သတ်နေတာလား...."

"မင်းငါ့ကို ဘယ်တုန်းကငြင်းရဲလို့လဲ..."

"မရဘူးနော် အဂ္ဂိ...အရင်ကမငြင်းရင်တောင် ခုတော့ငြင်းမှကိုရမယ် ငါတို့ ခုချိန်အပြင်မထွက်ရင် သေချာပေါက်လာနှိုးကြတော့မှာကွ! ပြီးတော့ မင်း...မင်းခန္ဓာကိုယ်နဲ့ ငါ့ခန္ဓာကိုယ်က.....မရလောက်ဘူးနော်...."

ရှိန်း ဘယ်လိုစဉ်းစားစဉ်းစား အဲ့ဟာကြီးကတော့မဖြစ်နိုင်ဘူးလေ။ အဂ္ဂိရဲ့ခန္ဓာကိုယ်ကြီးကဒီလောက်ထိထွားလာတာ...
ဟို....ဟိုဟာဆို ခုဘယ်လောက်ရှိနေပြီလဲဆိုတာ တွေးတောင်မတွေးရဲဘူး။ နောက်များ..ဆက်ကြီးလာရင်ဖြင့်.….....

Love Curse ( အချစ်ကျိန်စာ ) Season 3 Where stories live. Discover now