Part - 1(U)

14.5K 194 2
                                    

ချစ်ခြင်းသစ္စာ

  မိုးများသည်းထန်စွာ ရွာသွန်းကာ စံအိမ်တော်ကြီးတစ်ခုလုံးလည်း မှောင်မိုက်နေပြီး တစ်ခုတည်းသော အခန်းငယ်လေး၀ယ် ကောင်လေးတစ်ယောက် တစ်နည်းအားဖြင့် ချစ်ခြင်းမေတ္တာငတ်မွတ်နေသော ကလေး တစ်‌ယောက် သည် ညအိပ်မီးအိမ် အလင်းဖျဖျ ထွန်းကာ ကုတင်ပေါ်က စောင်အောင်၀ယ် ပုစွန်ထုတ်လေးသဖွယ်ကွေးထားလေသည်။

  "မေမေ သားကြောက်တယ်"
"မေမေ သားကြောက်တယ်"
"မေမေ သားကြောက်တယ်"

       ဒီနေ့ သူ့‌အဖေ မဟာဂိုဏ်းမှာ ပုန်ကန်ထကြွမှု‌ေတွဖြစ်နေတယ်ဆိုလို့ ညတွင်းချင်း ချက်ချင်း သွားရှင်းရသည်။ သူကတော့ စံအိမ်တော်ကြီးရဲ့ အခန်းထဲမှာ မိုးခြိမ်းသံတွေကြောက်နေသော်ငြားလည်းဘဲ သူ့ကို ချော့မြှူမည့်သူမရှိ နှစ်သိမ့်ပေးမယ့်သူမရှိ ။
အမေလား ? သူ့အဖေဦးမင်းမဟာသတ်လို့ သေပြီလေ ။

             သူကြောက်တယ် အမှောင်ကိုကြောက်တယ် မိုးခြိမ်းသံတွေကိုကြောက်တယ် ။ သူတွေးမိတယ် ချစ်ခြင်းမေတ္တာဆိုတဲ့ အရာ ဆိုတာရှိလား ပေါ့ .........။ 

____________________________

‌'ဒေါက်‌ ‌ဒေါက် ဒေါက် '

"သခင်လေး မဟာ ခင်ဗျ သခင်ကြီးပြန်ရောက်နေပါပြီ သခင်လေးကို ရေချိုးပြီးရင် ပြောစရာရှိလို့ အောက်ဆင်းလာခဲ့ပါ လို့ ပြောလိုက်ပါတယ် ခင်ဗျာ "

မဟာ ညက တော်တော်နဲ့အိပ်မပျော်တဲ့အတွက် မနက်ကျ မထနိုင်ဖြစ်နေရတယ် အိမ်တော်ထိန်းလာနှိုးမှဘဲ နိုးတော့တယ် ။ 

"ကျွန်တော်ဆင်းခဲ့ပါ့မယ်"

မဟာ အခန်းတံခါးဖွင့်လိုက်ပြီး အိမ်တော်‌ထိန်းကို ပြောလိုက်တယ် ။

"ဟုတ်ကဲ့ပါ သခင်လေး "

အိမ်တော်ထိန်းလှည့်ပြန်သွားတဲ့အချိန်မှာ မဟာ အခန်းတံခါးပိတ်ပြီး အိပ်ယာကို သပ်သပ်ရပ်ခေါက်ကာ ရေချိုးဖို့ ပြင်ဆင်ရတော့တယ်။

__________________________

မဟာရေချိုးပြီးတော့ အိင်္ကျီကို ပေါ့ပေါ့လေး နဲ့ ဘောင်းဘီအတိုကို ရွေးချယ်လိုက်သည်။ ဒါကတော့ သူ့စတိုင်ပါဘဲ သူက ပေါ့ပေါ့ပါးပါး နေရတာကြိုက်တယ် ခံစားချက်တွေကွယ်ဝှက်ထားပြီး အပြုံးတွေပေါပေါ သီသီပေးတတ်တဲ့ ‌၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်ပေါ့ ။
သူအ၀တ်အစား၀တ်ပြီးတာနဲ့ အောက်ထပ်ဆင်းလာခဲ့တယ် ။

ချစ်ခြင်း သစ္စာ Where stories live. Discover now