အပိုင်း - ၂၀

2.8K 104 14
                                    

အချိန်ပိုင်း အနည်းငယ်ခန့်က။။။

လမ်းထိပ်ကဆိုင်ကို ဒိန်ချဥ်၀ယ်ချင်လို့ သွားခဲ့သော်ငြား လက်ထဲမှာ တစ်ခြားမုန့်တွေပါ ပြန်ပါလာခဲ့သည်...ဗိုက်ဆာ,ဆာနဲ့ လမ်းမှာ နှစ်ထုပ်လောက် ဖောက်စားရင်း ကိုးစိတ်ပူမှာစိုးသဖြင့် ခြေလှမ်းတွေကို နှစ်ဆပိုမြန်ကာ လျှောက်ဖြစ်တယ်...။

" အမလေး!! "

ဘေးကနေ အရှိန်နဲ့ ဖြတ်မောင်းသွားသည့် ကားတစ်စီးကြောင့် လန့်ဖြန့်ကာ လက်ထဲကမုန့်လေးတော့ မြေကြီးနဲ့ မိတ်ဆက်သွားရပြီ။ ထွက်သွားတဲ့ကားကို လှမ်းကြည့်တော့ အတော်အဝေးရောက်မှ သူ့ဘက်ကို အရှိန်နဲ့ ပြန်လှည့်လာနေ၏...။
​​အနားကိုရောက်တော့ တိကနဲရပ်ချကာ ကားပေါ်ကနေဆင်းလာသည့် လူတစ်ယောက်...။

" လွန်းရတု!! "

" ကျွန်တော်နဲ့အတူ ထွက်သွားရအောင် လာ လိုက်ခဲ့!! "

လွန်းရတုက ပြောပြောဆိုဆိုနဲ့ အနားကိုရောက်လာပြီး လက်ကိုအတင်းဆွဲ၍ခေါ်သည်မှာ အကြမ်းပတမ်းပဲ...လက်ထဲက မုန့်ထုပ်တွေမှာလမ်းပေါ်မှာ ပွကျဲကုန်၏...။

" လွန်းရတု!! နင်ဒါဘာလုပ်တာလဲ ဘာကိစ္စငါက နင်နဲ့အတူထွက်သွားရမှာလဲ ဟမ်!! "

လက်ကို အတင်းရုန်းရင်းဆိုတဲ့အခါ သူ့ကိုလက်မောင်းကနေ ဆွဲလှုပ်ရမ်းလာပြီး မျက်နှာနားကိုအတင်းတိုးကပ်လာသည့် လွန်းရတုပုံစံသည်ကား ဆေးကွဲနေသည့် လူတစ်လောက်လို မျက်လုံးတွေ မှာနီရဲနေ၏...။

" မမကို ကျွန်တော်ပဲ ပိုင်ဆိုင်သင့်တာလေ...ကိုးထက်နောက်ကျမှ တွေ့ခဲ့တဲ့သူ ဆိုပေမဲ့...သူ့ထက်မလျော့တဲ့ အချစ်တွေနဲ့ ကျုပ်က ခင်ဗျားကိုချစ်ပေးမှာ!!...ကုန်ကုန်ပြောရရင် သူမပေးနိုင်တဲ့ သာယာမှုကိုတောင် ကျုပ်ကပေးနိုင်တယ် "

* ဖြန်း!! *

စကားတွေ လွန်လာတဲ့အခါ သည်းမခံနိုင်တဲ့အဆုံး လွန်းရတုရဲ့ ပါးကိုရိုက်လိုက်မိသည်...။

" တော်တော်မိုက်ရိုင်းလိုက်တာ!!...ငါတကယ်ထင်ကိုမထားတာ လွန်းရတု!!...နင်ဘယ်လိုလုပ် ကိုယ့်သူငယ်ချင်းနဲ့ လက်ထပ်တော့မဲ့ လူတစ်ယောက်ကို ဒီလိုလုပ်ရက်ရတာလဲ ဟမ်...နင့်မှာဦးနှောက်မရှိတော့ဘူးလား..."

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now