" ဟယ်လို မမနွေ "
နေ့လည်ပိုင်း ချစ်ရသူလေးရဲ့ အလုပ်ကအပြန် အခန်းထဲမှာပဲ စာအုပ်ထိုင်ဖတ်နေမိသည်...ခနအကြာ ဖုန်းတစ်လုံး၀င်လာသဖြင့် ကြည့်မိရာ ဇ၀ါဖြစ်နေ၏...။
" မဆက်စဖူး ဖုန်းတွေ ဆက်လို့ပါလား ကိုယ်တော်ချောရဲ့ "
တစ်ဖက်ကနေ ရယ်သံပိစိလေး ထွက်လာပြီး...။
" ဟဲဟဲ...ပြောစရာလေး ရှိလို့ပါ "
လက်ထဲမှာကိုင်ထားတဲ့ စာအုပ်ကို စာပွဲပေါ်တင်လိုက်ပြီး ပျင်းတိပျင်းရွဲထိုင်နေသည့် ပုံစံကို ပြင်လိုက်ကာ ပြောလာမည်တို့ကို သေချာနားထောင်မိသည်။
" ဒီနေ့က ကျွန်တော့်မွေးနေ့လေ...ပြီးတော့ ဒီက..ကိစ္စတွေ ပြီးပျက်သွားရင် England ကို သွားနေမယ် လုပ်ထားတာဗျာ အဲ့တာ နှုတ်ဆက်ပွဲနဲ့အတူ မွေးနေ့ပွဲပါ ကျင်းပချင်လို့...ညနေကျ ကိုးနဲ့အတူ မုံရွာကိုလာခဲ့နော်...အဲ့ကောင််ကိုလဲ ကျွန်တော်ပြောတော့ ပြောပြီးပါပြီ "
" ဘာလို့ England မှာ သွားနေမှာလဲ ဇ၀ါရယ်...ဒီမှာက သူငယ်ချင်းတွေလဲ ရှိနေတာကို "
ဇ၀ါကချက်ချင်းပြန်ဖြေမလာသေးပဲ သက်ပြင်းဖွဖွချသံကို နားစွင့်နားဖျား ကြားမိသည်...သူတော်တော်ပင်ပန်းနေရှာပြီ ထင်ပါရဲ့လေ။ ဘာမှမလုပ်ပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရသော်လဲ ကိုလေညိုလိုလူမျိုးနဲ့ ကွေကွင်းလိုက်ရသည့် ဇ၀ါ့အတွက်လဲ တစ်မျိုး ကျေနပ်မိသေး၏...။
" ဒီတိုင်းပါပဲ မမနွေလဲ သိမယ် ထင်ပါတယ်...ကျွန်တော် အရမ်းပင်ပန်းနေပြီ...ဒါလေးအတွက်နဲ့လဲ ကိုယ့်ဘ၀ကိုယ် အနစ်မွန်းမခံချင်တော့ဘူး...အဲ့တာကြောင့် နေရာသစ်၊ ပတ်၀န်းကျင် အသစ်မှာ ကိုယ့်ကိုယ်ကိုယ်ကုသရင် ကောင်းမလားလို့ပါ...ဒီနိုင်ငံထဲမှာပဲ နေမိရင် ညကြီးအချိန်မတော်တောင် သူ့ကိုလွမ်းလာခဲ့ရင် မဆိုင်းမတွပဲ အပြေးလာမိမှာစိုးတယ် "
အသည်းကွဲတယ်ဆိုတာ ဘယ်လိုမျိုးလဲ သူမသိပေမဲ့ ဇ၀ါ့ခံစားချက်တွေကိုတော့ နားလည်ပေးနိုင်သည်။
" အာ...မမနွေကလည်း...မမနွေလုပ်လို့ ကျွန်တော်တောင် လျှောက်ပြောနေမိပြီ...ထားလိုက်ပါတော့ ညနေကျ လာခဲ့ရမှာနော်...မွေးနေ့လက်ဆောင် ယူလာဖို့လဲ မမေ့နဲ့ "

YOU ARE READING
ဟိုဘက်အိမ်က ကျွန်မရည်းစား
Romanceကိုယ်အီစီကလီ လုပ်ခဲ့ဖူးသူရဲ့ ညီမကလဲ ကိုယ့်ရဲ့အမြတ်နိုးရဆုံး လက်တွဲဖော်၊ ချစ်သူ တစ်ယောက်ဖြစ်လာနိုင်သည်။