အပိုင်း - ၁၇

2.4K 89 0
                                    

" ဘယ်လိုဖြစ်ရတာလဲ ရတု...ပြီးတော့ ဘာလို့မင်းတို့က ဒီရောက်နေကြတာလဲ "

ဆံပင်တွေရှုပ်ပွနေပြီး တောင်လျှောက်လိုက် မြောက်လျှောက်လိုက် လုပ်နေတဲ့ ရတုအနားအပြေးသွားကာမေးမိသည်...ဇ၀ါဆေးရုံ ရောက်နေတယ်ဆိုတဲ့ အကြောင်းသိသိချင်း ထွက်လာခဲ့မိတာ မီးနီတွေ ဘယ်နှစ်ခုတောင် ဖြတ်မောင်းမိခဲ့လဲ မသိ...။

" ငါ့ကြောင့်ပါကွာ...ငါ့ကြောင့် သူဒီလိုဖြစ်ရတာ...သူက ကိုလေညို့မင်္ဂလာဆောင်ကို သွားချင်တယ် ပူဆာနေတာနဲ့ လိုက်လျောပေးခဲ့မိလို့...ငါ့ကြောင့်ဟ...ငါ့အမှားပါ ကိုးရာ "

ကိုယ့်ကိုယ်ကိုယ် အပြစ်တွေပုံချကာ စိုးရိမ်တကြီးနဲ့ ရတုကပြောလာသောကြောင့် စိတ်သက်သာရာ ရစေရန်...။

" ထားလိုက်ပါတော့ကွာ ဖြစ်ပြီးသွားပြီပဲ...ကိုယ့်ကိုယ်ကိုယ်လဲ အပြစ်တင်မနေနဲ့တော့ မင်းမမှားဘူး ဟုတ်ပြီလား...အခု ဇ၀ါကရော "

ရတုက တစ်နေရာကို လက်ညိုးထိုးပြလာပြီး...။

" အရေးပေါ်အခန်းထဲမယ်...သူ့ကိုအခုထိဘယ်သူမှ လာမကြည့်ပေးသေးဘူးဟ...ငါတို့အရင် ရောက်ထားတဲ့ ကားaccident တစ်ခုကြောင့်ဆရာ၀န်တွေ လုံးပန်းပန်းနေရတာ...အဲ့တာကြောင့် ဇ၀ါ့ကိုဘယ်သူ့မှကို လာမကြည့်ပေးသေးတာ "

သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး အရေးပေါ်အခန်းထဲက ကုတင်ပေါ်မှာ လှဲနေတဲ့ ဇ၀ါ့ကိုကြည့်မိသည်...နဂိုကမှ အသားဖြူတဲ့သူက အခုတော့ ခန္ဓာကိုယ်ထဲမှာ သွေးတစ်စက်မှ မရှိတော့တဲ့ လူတစ်ယောက်လို...။

" နင့်အဖေကို ဖုန်းဆက်ကြည့်လိုက်ပါလား...သူတစ်ခုခု စီစဥ်ပေးချင် စီစဥ်ပေးလို့ရမှာ "

" ဒါပေမဲ့ သူနဲ့က...အာ ထားလိုက်ပါတော့ ငါဆက်ကြည့်လိုက်မယ် "

ဖေဖေကြီးကို ဖုန်းခေါ်ရမှာ နည်းနည်း၀န်လေးမိသော်လဲ ကိုယ့်သူငယ်ချင်းအတွက် ဒါတွေကို မူနေလို့ အဆင်မပြေ...ဖုန်းကိုထုတ်ကာ contacts list ထဲက ဖေဖေကြီး လို့မှတ်ထားတဲ့ နံပါတ်ကိုခနလောက် စိုက်ကြည့်နေမိပြီး မထူးဇာတ်ခင်းကာ ​မျက်နှာပြောင် တိုက်ပြီးပဲ ဖြစ်ဖြစ် ဖုန်းခေါ်လိုက်သည်။

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now