အပိုင်း ( ၅ )

279 25 12
                                        

[ Uni ]

" ချန်းယောလ် ဘာလို့ ငါ့ကို ခေါ်လာတာလဲ။ "

" အစ်ကို ပန်းချီဆွဲတာ ထိုင်ကြည့်မလို့။ "

ခပ်တည်တည်ပြောလာတဲ့ ချန်းယောလ်က စိုနေတဲ့ ဆံပင်တွေကို ထိုးဖွနေသေးသည်။

ဒါဘယ်လို အဓိပ္ပါယ်မရှိတဲ့ စကားကြီးလဲ?
မိုးရွာကြီးထဲ ဘာမပြော ညာမပြော ခေါ်လာပြီး သူ့ကို ပန်းချီဆွဲပြရမှာလား။ ပြီးတော့ ထိုင်ကြည့်ဦးမှာတဲ့။

" လောလော‌ဆယ် မိုးရေထိလာတော့ ရေအရင်ချိုးလိုက်လေ။ အပူငုပ်ပြီး ကိုက်ခဲနေလိမ့်မယ်။ "

ချန်းယောလ်က တအံ့တဩဖြစ်နေတဲ့ ဂယောင်ဆူးကို ဂရုမစိုက်စွာပဲ အပေါ်အင်္ကျီကို ချွတ်ပစ်သည်။ ထင်းထင်းလင်းလင်းပေါ်လာတဲ့ ချန်းယောလ်ရဲ့ ရင်အုပ်ကျယ်ကျယ်နဲ့ ဝမ်းဗိုက်ကြွက်သားတွေဆီ အကြည့်မရောက်သွားမိအောင် ဂယောင်ဆူး အတော်လေး သတိထားနေရသည်။

" ကိုယ် ပန်းချီဆွဲတာ ထိုင်ကြည့်ရအောင် ချန်းယောလ်ဆီမှာ ပန်းချီသုံးပစ္စည်းတွေရှိလို့လား။ "

သဘက်အဖြူအကြီးကြီးကို ယူလာပြီး ဂယောင်ဆူးရဲ့ ပုခုံးပေါ် လွှားခြုံပေးနေတဲ့ ချန်းယောလ်ဆီကနေ အနီးကပ် အထိအတွေ့ ၊ အမြင်အာရုံကြောင့် အသက်တောင် ပြင်းပြင်းမရှူရဲ။

" ရှိတယ်။ အစ်ကို လိုတာတွေအကုန် ရှိတာမို့လို့ စိတ်မပူပဲ ရေအရင် ချိုးလိုက်။ "

" ဟင် .. ချန်းယောလ် .. "

ရေချိုးခန်းတံခါးဝထိ တွန်းပို့ပေးတော့ ဂယောင်ဆူးက ချန်းယောလ်ကို ပြူးကြောင်ကြောင်လေး ပြန်ကြည့်နေသေးသည်။

" ဘာလဲ တစ်ယောက်တည်း မချိုးချင်လို့လား။ ကျွန်တော် လာခဲ့ရမလား။ "

တကယ်လိုက်ဝင်မဲ့ ပုံစံနဲ့ ချန်းယောလ်ကြောင့် ဂယောင်ဆူး ရေချိုးခန်း တံခါးကို အလျှင်အမြန် ဆွဲပိတ်လိုက်ရသည်။

တကယ်ပါပဲ။ ပတ်ချန်းယောလ် ဘာတွေတွေးနေပြီး ဘာတွေ ဖြစ်ချင်နေလဲ ဆိုတာ ဘယ်လိုမှ ခန့်မှန်းလို့မရခဲ့တာ။ အခု သူ့အိမ်ကိုတောင် မထင်မှတ်ထားတဲ့ သူဌေးရပ်ကွက်မှာ ရှိနေတာကို ဂယောင်ဆူး အခုမှ သိလိုက်ရသည်။ အဲ့ဒါထက် သူ့ကို အဖြေအတင်းအကျပ်တောင်းဖို့ အိမ်ထိ ခေါ်လာတာတော့ မဟုတ်ပါဘူးနော်။

မုန်းခွင့် မရှိတဲ့ " မောင် "Where stories live. Discover now