[ Uni ]
ကားမောင်းနေရပေမဲ့ စိတ်မပါတော့ တစ်ချက်ချက်လွှင့်သွားတဲ့ အာရုံကို မနည်းစိုက်နေရသည်။
ချန်းယောလ် ကားကျန်ခဲ့တဲ့ club ကို ပို့ပေးပြီးတဲ့နောက် မြင်ရသမျှ မြင်ကွင်းတွေဟာ မသက်မသာ။ မဟုတ်ဘူး။ အဲ့ဒီမိန်းကလေးကို ချန်းယောလ် ကားပေါ် ခေါ်တင်လာကတည်းက ဂယောင်ဆူးအတွက် အဆင်မပြေခဲ့တာ။ မောင်နဲ့ နမ်းရှုံ့နေတာ ၊ မောင့်ရင်ခွင်ထဲ စိတ်လိုလက်ရ ပစ်ဝင်ထားတာ၊ မောင့်ပုခုံးကို မှီထားတာ။ တကယ်စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ။
ကားစီယာတိုင်ပေါ်က လက်တွေ တင်းကြပ်နေပြီး နှုတ်ခမ်းဖောင်းဖောင်းလေးက တုန်ရီနေသည်။
မောင်ကလေ ကျွန်တော့်ကို အနုနည်းနဲ့ နှိပ်စက်နေတာ။ မောင်က ကျွန်တော့်ကို နာကျင်စေချင်တာ။ မြင်ရပေါင်း မနည်းတဲ့ မြင်ကွင်းတွေ ဆိုပေမဲ့ မောင်က တခြားတစ်ယောက်နဲ့ဆိုတဲ့ အသိတွေက ရူးသွပ်ပစ်ဖို့ လုံလောက်နေသည်။
" ကိုယ်က မောင့်ကို သိပ်ချစ်တာ .. ဟဟ "
ငိုချပစ်ချင်ပေမဲ့ မျက်ရည်တွေဟာ ထွက်မကျလာတာမို့ ခြောက်ကပ်ကပ် ရယ်မောမိသည်။ မောင်ဘယ်လောက် ဆိုးနိုင်သလဲ။ ဆိုးစမ်းပါ မောင့် ဒေါသတွေ ၊ မောင့် အလိုမကျမှု့တွေ ၊ မောင့်အမုန်းတရားတွေ အကုန် ကိုယ်ခံယူပါ့မယ်။ မောင်မုန်းလည်း ကိုယ်ကတော့ မမုန်းနိုင်ဘူး။ ကိုယ်က မောင့်ကို သိပ်ချစ်တာလေ။
တစ်ပေါက်ပေါက် ကျလာတဲ့ မိုးစက်တွေကြောင့် ဂယောင်ဆူး စိတ်လိုလက်ရ ပြုံးလိုက်မိသည်။ မိုးရွာနေရင် စိတ်ရှုပ်တက်တဲ့ မောင့်ကို သိပ်သဘောကျတာပဲ။
နောက်ပြီး ကိုယ်သာ မောင့်ကို ရွေးချယ်ခွင့်ရှိခဲ့ရင် သိပ်ကောင်းမှာ သိလား မောင်။
-လွန်ခဲ့သော တစ်နှစ်ခွဲခန့်-
" အစ်ကို "
ဂယောင်ဆူး ခဲပန်းချီ ရေးခြစ်နေတုန်း ပုခုံးကို လာတို့ထိတဲ့ အထိအတွေ့ကြောင့် လှည့်ကြည့်မိသည်။ နားကျပ်ကို ချွတ်လိုက်တဲ့အချိန် အစ်ကိုလို့ခေါ်လိုက်တဲ့ အသံတစ်စွန်းတစ်စလေးကို ကြားလိုက်သေးသည်။

YOU ARE READING
မုန်းခွင့် မရှိတဲ့ " မောင် "
Fanfictionမောင်ဟာလေ သိပ်ကို ဆိုးလိုက်တာ။ မောင်ဆိုးသလောက် ငါ့မှာ မုန်းခွင့်ကိုမရှိ။ 𝐬𝐭𝐚𝐫𝐭𝐞𝐝 𝐝𝐚𝐭𝐞 - 29.4.2024 𝐄𝐧𝐝 𝐝𝐚𝐭𝐞 - ? 🍒🍑 𝐂𝐡𝐚𝐧𝐲𝐞𝐨𝐥 × 𝐊𝐲𝐮𝐧𝐠𝐬𝐨𝐨 🍒🍑