အပိုင်း ( ၃ )

293 31 19
                                        

[ Uni ]

" ဘာလဲ ခင်ဗျား မကြည့်နိုင်ဘူးလား။ ဟမ်"

သူဆွဲတဲ့နောက် လေးလေးပင်ပင်လိုက်လာတဲ့ ချန်းယောလ်က လှောင်သလိုပြောသည်။

" မောင်! မသိချင်ယောင် မဆောင်စမ်းပါနဲ့။ ကိုယ့်စိတ် အဲ့လောက် မမာဘူးမောင်။ ကိုယ့်ကို တော်ရုံပဲ နှိပ်စက်စမ်းပါ! "

တုန်ယင်နေတဲ့ မျက်နှာလေးကို ချန်းယောလ်က ကျေကျေနပ်နပ် ကြည့်နေသည်။

" ခင်ဗျားသိလား။ ခင်ဗျားက ငိုနေရင် သိပ်လှတာ။ "

ဂယောင်ဆူးပါးပြင်ပေါ် ကျရောက်လာတဲ့ ချန်းယောလ်ရဲ့ လက်နွေးနွေးတွေ။ အယ်လ်ကိုဟော(alcohol) အရှိန်ကြောင့်နဲ့ ချန်းယောလ် လက်တွေ နွေးနေတာ ဖြစ်မည်။

" ‌ဒိုဂယောင်ဆူး! "

ခါးပေါ် တစ်နှုန့်နှုန့်ရောက်လာတဲ့ မောင့်ရဲ့လက်တွေ။ အားပါပါအနား ဆွဲကပ်ခံရတော့ ဂယောင်ဆူး အံကို တင်းတင်းကြိတ်ထားမိသည်။ ချန်းယောလ်စီက ဝီစကီ အနံ့တွေ ၊ အရက်ပျင်းအနံ့တွေက မျက်နှာချောချောနဲ့ ပနံသင့်နေသလိုပင်။ မောင်ဟာ ဆိုသွမ်းမှု့တွေနဲ့ အဲ့လိုကို လိုက်ဖက်တာ။

" ခင်ဗျားကို ကျုပ် ဒီလောက် ဒုက္ခလိုက်ပေးနေတာ မမုန်းဘူးလား။ "

ခုဏက ကျနေတဲ့ ပါးပြင်ပေါ်က မျက်ရည်တွေဟာ ခြောက်ကုန်ပြီဖြစ်သည်။ ဂယောင်ဆူး ခပ်ဖွဖွပြုံးလိုက်သည်။ မျက်ခမ်းစပ်တွေကတော့ မျက်ရည်စအချို့ တွဲခိုနေစဲ။

" တောက်စ်! ဒိုဂယောင်ဆူး! ကျုပ်ကို စောက်ဂရုမစိုက်တာလား! ဟမ်! စောက်ရေးမပါအောင် ပြုံး‌မနေနဲ့။"

" အင့်! "

နံရံနဲ့ တွန်းကပ်ခံလိုက်ရတဲ့ ကျောပြင်က ခပ်အောင့်အောင့်တော့ ဖြစ်သွားသည်။ ချန်းယောလ်ရဲ့ မာထန်နေတဲ့ အသံတွေက နားထဲ ခပ်ပြင်းပြင်း တိုးဝင်လာသည်။

ခုဏက အခန်းထဲက ထွက်လာပြီး ကလပ်ထဲမရောက်ခင် လျှောက်လမ်းလေးမှာမို့ သူတို့နှစ်ယောက်ရဲ့ ပြင်းထန်တဲ့ အခြေအနေကို သတိထားမိမှာမဟုတ်။ ဖြတ်သွားဖြတ်လာအချို့ကတော့ ချစ်သူနှစ်ယောက် အချစ်စမ်းနေတယ်လို့ ထင်ကြမှာပဲ။

မုန်းခွင့် မရှိတဲ့ " မောင် "Where stories live. Discover now