Single father အဖြစ်ဟန်ဆောင်ခြင်း
Part 4
____________
လက်ဖွဲ့ထားတဲ့ဝမ်အိမ်တော်အသစ်ကိုပြောင်းလာရသည်မို့
အိမ်မှာလည်းစက္ကူပုံးတွေကအထပ်လိုက်ပင် မဖြည်ရသေးချေ ပရိဘောဂတွေကိုတော့ ၀မ်အိမ်တော်ကအစေခံတွေကပဲ
လာပြီးနေရာချသွားပေးတာကြောင့် အခြားအသေးစားပြင်ဆင်မူ့တွေကတော့သူတို့ကိုယ်တိုင်လုပ်ရပေမည် ။"ပါပါ..."
ရှောင်ကျန့်ကလည်းအိမ်ကနေ သူ့ပစ္စည်းတွေနဲ့အတူအားဟုံရဲ့
ပစ္စည်းတွေကိုပါသယ်လာခဲ့တယ် မားကိုအတူလာနေဖို့ပြောပေမဲ့ မားကစားသောက်ဆိုင်အသေးလေးဖွင့်ထားတာကြောင့်
မလိုက်ဘူးလို့ငြင်းတယ် ။"အားဟုံ....တြောက်တယ်"
"ပါးရှိတယ်နော်...အားဟုံလေး...လာ..."
အိမ်အသစ်ဖြစ်တဲ့အပြင် လက်ထပ်ပြီးစပြောင်းလာတာဆိုတော့ ဒီအိမ်မှာသူနဲ့အားဟုံလေးကလွဲပြီးမရှိ ။
"ကြည့်ပါဦး...အားဟုံလေးငယ်ငယ်ကပုံတွေ ချစ်စရာလေး"
ထိုင်တတ်တာကနေအစ လေးဘက်ထောက်သွားတာတွေ
မတ်တပ်ရပ်တာတွေ လှုပ်ရှားမူ့တိုင်းကိုဓာတ်ပုံဘောင်လေးနဲ့
လုပ်ထားသည် ။"ဖေဖေရော....ပြန်ရာမှာလားဟင်"
"အင်း....ဖေဖေက အမေရိကကိုရောက်နေတာပါအားဟုံ
အားဟုံလေး ၆နှစ်ကြရင်ပြန်လာမယ်လို့ promise ပေးသွားတယ်လေနော်""အွင်း...."
"တောင်းပန်ပါတယ်နော် အားဟုံလေးကို လိမ်ခိုင်းနေရလို့"
"ဟင်...."
"ဘာမှမဟုတ်ပါဘူးကွယ်....မွှ...ကဲ နေရာချရအောင်နော်"
"အွင်း....အားဟုံ ကူမယ်"
"လိမ္မာလိုက်တာကွယ်..."
"ဘတ်မန်း...."
စက္ကူပုံးထဲကဘတ်မန်းအရုပ်ကိုထုတ်လို့ ဖက်ထားလိုက်သည်
အားဟုံကိုတော့သူ့အရုပ်တွေနေရာချပါစေလေ ။
.
.
.
.
.
*တီ...တီ*"ဒယ်တီ...လာပီ...ဒယ်တီ!!"
အိမ်တံခါးဖွင့်လို့၀င်လိုက်တာနဲ့အားဟုံလေးကလာပြေးဖက်သည် ။
"ကြိုချိုပါတယ်...ဒယ်တီ..."
"အင်း....ဘာစားပြီးပြီလဲ"
YOU ARE READING
Single father အဖြစ်ဟန်ဆောင်ခြင်း ( Single father အဖြစ်ဟန်ဆောင်ခြင်း) Complete
Fanfictionလက်မထပ်ချင်လို့ single father အယောင်ဆောင်ပါတယ်ဆိုနေမှ လက်ထပ်လိုက်ရတယ်လို့