အပိုင်း - ၉

3K 113 0
                                    

" ထတော့...အိပ်မနေနဲ့ ကိုးရဲ့...နေမကောင်းဖြစ်မယ် သွား..မျက်နှာသွားသစ်လိုက် အမေကမုန့်စားအောင်လာခဲ့တဲ့ "

သူ့ကိုအတင်းတွေ ဆွဲကာ ရေချိုးခန်းထဲတွန်းပို့လိုက်တဲ့ မမ...သူ ရေချိုးခန်း တံခါးကိုမှီပြိီးကျိတ်ပြုံးနေမိသည်...။

" မမဟာလေ...တကယ်ပါပဲ ချစ်စရာကောင်းလိုက်တာ "

ရင်ဘက်ကြီးထဲမှာ အရာရာပြည့်စုံနေသလားပဲ...အကောင်ရေ ထောင်သောင်းမကတဲ့ မျောက်တွေပဲ ရင်ဘက်ကြီးထဲရောက်နေသလိုလို
မမကုစားမှပဲ ရတော့မှာ သိရဲ့လား...ကိုးရဲ့တစ်ဦးတည်းသော ဒေါက်တာမလေးရ။

" မြန်မြန်လုပ်နော် ပန်းမြတ်ချယ်... "

တွေးတွေးပြီး ကြည်နူးနေတာကို တစ်ခန်းရပ်ထားလိုက်ပြီး မမပြောသလို မျက်နှာအမြန်သစ်လိုက်သည်။

" မမ...ချစ်တယ် "

အောက်ထပ်ကို အတူဆင်းလာတော့ ဘာမဆိုင်ညာမဆိုင် ထပြောလာတဲ့ ဒီမထော်မနန်းလေးကြောင့် နွေပျိုမဒီခင်ဗျာ ရင်တွေတလှပ်လှပ်နဲ့ ခုန်ရပြန်ပြီ။
ဒါကိုကြည့်ပြီး မထော်မနန်းလေးက ကျေနပ်ပီတီမင်္ဂလာဖြာနေလေရဲ့...ရိုက်သတ်ပစ်ချင်စရာ။

" အဟမ်း..အဟမ်း မပန်းမြတ်ချယ် ရှိပါလားခင်ဗျာ "

အိမ်တံခါး၀ကနေ ပြောသံကြားဖြင့် ကြည့်လိုက်ရာ ကောင်လေးနှစ်ယောက်နှင့် ကောင်မလေးတစ်ယောက်ကိုတွေ့ရသည်။ ကောင်လေးနှစ်ယောက်ကို မြင်ဖူးသလိုရှိသော်လဲ ကျန်ကောင်မလေးကိုတော့ သူမမြင်ဖူး။

" ဟာ ဟျောင့်တွေ!! "

ကိုးက ထိုသုံးသောက်အနက် ကောင်လေးနှစ်ယောက်ကို ပြေး၍သွားဖက်သည်။ ပုံစံလေးတွေမှာ တစ်ယောက်က အသားဖြူဖြူ ပုပုလုံးလုံးလေးနှင့် တစ်ယောက်ကတော့ ညိုချောဟုပြောရမည်...အာ မှတ်မိပြီ ဟိုဓာတ်ပုံထဲက နှစ်ယောက် ဒါဆိုသူတို့က ကိုးသူငယ်ချင်းတွေပေါ့။

" မင်းတို့ကွာ လာမယ်ဆိုတာကို ကြိုမပြောဘူး...ငါလာကြိုမှာပေါ့ "

" စပရိုက်လေကွာ...နေပါဦး မင်းနောက်က မမလှလှလေးက ဘယ််သူလဲ "

သူတို့ဘာသူတို့ အလွမ်းသယ်နေကြရင်း နောက်က မမလှလှလေးဆိုတဲ့ စကား အကြားမှာ အရှက်သည်းရပြန်သည်။

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now