Unicode
အိပ်ရာထက်ဘေးတစ်စောင်းလှဲအိပ်ရင်းဝမ်းနည်းစွာငိုကြွေးနေသောသူမဘေးသို့နေသွေးဝင်လှဲလိုက်တော့သူမကမျက်ရည်တွေကိုကပြာကယာသုတ်ပြီးမျက်လုံးတွေကိုမှိတ်ချပစ်လိုက်၏။
သစ်ရွက်အိပ်ချင်ဆောင်နေမှန်းသူသိတာကြောင့်သူမခါးလေးအားသိုင်းဖက်လိုက်ပြီးသူမပုခုံးလေးအားအသာအယာနမ်းလိုက်တော့သူမမျက်ခွံလေးတွေကလှုပ်ခတ်သွားလေသည်။
သူထပ်မံပြီးသူမနားရွက်လေးကိုနမ်းလိုက်တော့သစ်ရွက်ကပုခုံးလေးတွန့်သွားပြီးသူ့အားမျက်လုံးဝိုင်းလေးတွေနဲ့လှည့်ကြည့်လာလေ၏။
''ငါ့ကြောင့်နိုးသွားတာလား''
သူသိသိကြီးနဲ့မေးတော့သူမကသူ့အားခေါင်းအသာရမ်းပြပြီး
''ငါအစကတည်းကမအိပ်ပါဘူး အိပ်ချင်ယောင်ဆောင်နေတာ''
သူမကရိုးတာလားတုံးတာလားမလိမ်တတ်တာလားတော့သူမသိ။
ဒါပေမယ့်သူမရဲ့အဲ့ပုံစံလေးတွေကိုသူသဘောကျသည်။သူကြည့်နေတုန်းသူမမျက်ဝန်းမှမျက်ရည်တွေပြန်လည်ပြည့်အိုင်လာတာကြောင့်သူမရဲ့မျက်ဝန်းလေးတွေအားသူဖိကပ်နမ်းလိုက်ပြီး
''မငိုနဲ့တော့ ဘယ်တော့မှထပ်မငိုနဲ့တော့''
''ငါတောင်းပန်ပါတယ် ငါ့ကိုမမုန်းပါနဲ့နော်''
''နင့်ကိုဘယ်သူကမုန်းတယ်ပြောလို့လဲ တစ်ကယ်တမ်းကျငါတို့ကြားထဲနားလည်မှုလွဲသွားတာပါ နင်လည်းငါ့ကိုပြောပြဖို့လုပ်ခဲ့တာပဲ ကံတရားကဒီလိုဖြစ်သွားတာတော့ဘယ်တတ်နိုင်မလဲ အဲ့ကိစ္စကိုမေ့လိုက်တော့ စိတ်ထဲမထားနဲ့တော့''
''နင်ငါ့ကိုစိတ်မဆိုးတော့ဘူးလား''
''အင်း မဆိုးတော့ဘူး''
ပြောပြီးနေသွေးကသူမနဖူးအားနမ်းလာလေသည်။
''ဘာမှဝမ်းနည်းမနေနဲ့တော့ ဒါပေမယ့်ခုကစပြီးဘာကိစ္စပဲနေနေငါ့ကိုပြောရမယ်နော်''
သူမကခေါင်းကိုတရစပ်ညိတ်ပြလာပြီးသူ့လည်ပင်းအားသိုင်းဖက်လာလေ၏။
သူထပ်မံပြီးနောက်တစ်ခုသင်ယူလိုက်ရတာက ကိစ္စတစ်ခုမှာအမြဲတမ်းသူ့ဘက်ကိုယ့်ဘက်ကြည့်ပြီးနားလည်ပေးနိုင်စရာရှိရင်နားလည်ပေးရမယ်ဆိုတာပါပဲ။
အထူးသဖြင့်ဇနီးမောင်နှံကြားမှာပေါ့။

YOU ARE READING
I don't love you[completed]
Fanfictionစကားမပြောတတ်တဲ့ကောင်မလေးကိုအနိုင်ကျင့်ဖိနှိပ်ပြီးကာမှအချစ်ကြီးချစ်သွားမယ့်ငပွေကောင်လေး