Part~12

4.2K 35 13
                                    

''မိုးတို့ရောက်ပြီမမသွင်"

''ဝင်ခဲ့လေ မိုး သက်သာရဲ့လား"

''သက်သာပါတယ် ဒါနဲ့အိမ်မှာနွယ်ရှိနေတာလား"

''အင်းကိုဆက်က နွယ့်ကိုထက်ပြီးပတ်သက်နေသေးတယ်"

''သူအခုဘယ်မှာလဲဟင်"

''ထားပါမိုးရယ် ကို့စကားနားထောင် အဲ့ဒါတွေမေ့ထားလိုက်နော်မိုး"

''အင်းပါကိုကိုရဲ့ မိုးလဲ မမသွင်နဲ့စကားဆက်မိလို့ပါ"

''မမမိုး!"

အသံတုန်တုန်ရီရီဖြင့် အိမ်ရှေ့ခန်းသို့ထွက်လာသောနွယ်တစ်ယောက် မျက်နှာပင်မပြရဲဖြစ်နေတော့သည်။

''ဘာလို့လာခေါ်နေတာလဲနွယ် ပြီးတော့လက်...လက်ထဲ..."

''မမိုးအတွက်အအေးပါ"

''ဘာ! ငါ့အတွက်အအေးဟုတ်လား ထွက်သွား ငါ့အရှေ့ကထွက်သွားးးး!"

ရင်ထဲဒဏ်ရာတွေနဲ့ပြည့်နှက်နေသော မိုးအတွက် ဒီအအေးခွက်ဟာဖြစ်ရပ်တွေအကုန်ပြန်မြင်နေတော့သည်။

''ချလွမ်းးးးးး!"

''နင့်ကိုငါသွားလို့ပြောနေတယ်လေ ဘာလို့မသွားသေးတာလဲ"

''မမိုး နွယ်တောင်းပန်ပါတယ် နွယ်အခုချက်ချင်းထွက်သွားပေးပါမယ်"

ထိုအချိန်ကိုဆက်အလုပ်မှရောက်လာကာ

''ဒါဘာဖြစ်နေကြတာလဲ?"

''ကိုဆက် ဒီမှာလေ နွယ်ပေါ့ မိုးလာတာကို အအေးခွက်လာပေးပြီးသက်သက်နိုပ်စက်နေတာ"

''ဘာကွ နွယ် မင်းဘယ်လိုလုပ်လိုက်တာလဲ"

နွယ့်လက်မောင်းအားကျစ်ကျစ်ပါအောင်ဖိညစ်ကာ ဆောင့်တွန်းလိုက်တော့သည်။

'' မင်းး! ခုချက်ချင်းငါ့မျက်စိအရှေ့ကထွက်သွား"

နွယ်ဘာမှပင်မပြောနိုင်အောင်ကြောက်လျက်ငိုကာအခန်းထဲသို့ပြေးထွက်လိုက်တော့သည်။

ထို့နောက်ဆက်အာဏာ မိုးအားလက်ကလေးကိုင်ကာ

''ညီမလေး အဆင်ပြေရဲ့လားး"

''မိုးအဆင်ပြေပါတယ်ကိုကြီး အဆင်ပြေအောင်လို့လဲကြိုးစားနေပါတယ် မိုးရဲ့အရုပ်လေးလာယူတာပါ ခုသွားတော့မယ် "

𝐀 𝐌𝐨𝐧𝐞 𝐂𝐡𝐨 𝐂𝐡𝐨 - အမုန်းချိုချိုWhere stories live. Discover now