Part.13

21.2K 337 0
                                        

Unicode

အလုပ်စမဝင်ခင်ကတော့သူဘာမှမလုပ်တတ်ဘူး ဘာမှနားမလည်ဘူးလောက်ဘူးလို့တွေးထားပေမယ့်တစ်ကယ်လုပ်ငန်းခွင်ဝင်တော့သူ့အတွက်ထူးထွေပြီးခက်ခဲမှုမရှိပါ။

သစ်ရွက်ကလည်းမနက်မိုးလင်းတာနဲ့သူ့ဝေယျာဝစ္စအားလုံးလုပ်ပေးပြီးသား။
သူရေချိုးပြီးဝတ်ဖို့အဝတ်အစား အလုပ်မသွားခင်စားဖို့မနက်စာ နေ့လည်စာထမင်းချိုင့်အားလုံးကအဆင်သင့်။

ပြောရရင်သူတို့အိမ်ထောင်ရေးကတည်ငြိမ်အေးချမ်းနေတယ်ပြောရမည်။
သစ်ရွက်ကလည်းအိမ်ရှင်မတာဝန်ကျေပွန်နေသလိုသူလည်းအိမ်ထောင်ဦးစီးတာဝန်ကျေပွန်ရမယ်မလား။

သစ်ရွက်သည်လည်းသူအလုပ်သွားပြီဆိုတာနဲ့အိမ်သန့်ရှင်းရေး အဝတ်လျှော် ထမင်းဟင်းချက် စသည်တို့ကိုထောင့်စေ့အောင်လုပ်ရင်းအချိန်ကုန်နေတာများသည်။
သူမမှာတစ်ယောက်တည်းနေရလို့ပျင်းချိန်ပင်မရှိ။

''တီတောင်..တီတောင်''

ခြံရှေ့ကဘဲလ်သံကြောင့်သူမခြံတံခါးသော့ကိုယူ၍ခြံရှေ့သို့ထွက်လာခဲ့လိုက်၏။
ခြံတံခါးဖွင့်ကြည့်လိုက်ချိန်မှာသူမသူငယ်ချင်းပွင့်လွှာကသူမအားလက်ကလေးပြကာ

''hello''

သစ်ရွက်ဝမ်းသာအားရနဲ့ပွင့်လွှာအားဖက်လိုက်မိသည်။

''မိန်းမ ယောကျ်ားရသွားတာနဲ့ငါ့ကိုမေ့ထားတယ်နော်''

သစ်ရွက်ကလက်ခါပြတော့ပွင့်လွှာကရယ်လိုက်ပြီး

''ငါကစတာပါ အိမ်ထဲဝင်ရအောင် အပြင်မှာပူတာ''

သစ်ရွက်ခေါင်းညိတ်ပြရင်းပွင့်လွှာအားအိမ်ထဲသို့ခေါ်ခဲ့လိုက်သည်။

''ဘာသောက်မလဲ''

ပွင့်လွှာကဤမျှလောက်တော့နားလည်တာမို့

''အအေးပဲသောက်မယ်''

သစ်ရွက်ကချက်ချင်းပဲမီးဖိုခန်းထဲပြေးဝင်သွားလေ၏။

ခဏနေတော့အအေးခွက်လေးတစ်ခွက်ကိုင်ကာပွင့်လွှာထံပြန်ရောက်လာပြီးအအေးခွက်အားစားပွဲပေါ်ချကာ

I don't love you[completed]Where stories live. Discover now