Part.12

21.7K 356 0
                                        

Unicode

သားတော်မောင်ရဲ့အကြောင်းကိုသိနေပြီးသားဖြစ်တဲ့မိဘတွေမှာသူ့ရဲ့တောင်းဆိုချက်ကိုမလွန်ဆန်နိုင်ပဲလိုက်လျောခဲ့ရပြီးသူတို့နေဖို့အိမ်ကိုတစ်ပတ်အတွင်းစီစဥ်ပေးခဲ့ရလေ၏။

နေသွေးကအိမ်ကိုကြီးကြီးမားမားမနေချင်ဘူးဆို၍တစ်ထပ်အိမ်နဲ့ခြံကျယ်ကျယ်လေးကိုသာစီစဥ်ပေးဖြစ်ခဲ့သည်။

သစ်ရွက်ကတော့မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့ပဲအိမ်ခွဲမနေချင်ဘူးဟုပြောလာပေမယ့်နေသွေးကိုနိုင်တဲ့သူဘယ်သူရှိလို့လဲ။

ပြီးတော့သူ​ကြောက်တဲ့သူ့အဖေကိုယ်တိုင်ကိုကသူတို့ဘဝအကြောင်းနားလည်အောင်ဆိုပြီးအိမ်ခွဲနေဖို့ကိုသဘောတူခဲ့၍ဘာမှပြောလို့မရခဲ့ပေ။

အိမ်ပြောင်းရတော့လည်းသစ်ရွက်ကတရှုံ့ရှုံ့ငိုလာတာအိမ်သစ်ရောက်သည်ထိပင်။

''ငိုမနေစမ်းပါနဲ့ နိုင်ငံတွေခြားသွားတာလည်းမဟုတ်ဘဲနဲ့ဘာဖြစ်နေတာလဲ''

''ငါမှမေမေကြီးတို့နဲ့မခွဲချင်တာ''

''သားအရင်းဖြစ်တဲ့ငါတောင်ဘယ်လိုမှမနေဘူး နင်ကိုကပိုလွန်းတယ်''

''နင်ကဘယ်သိမှာလဲ နင့်မှာခံစားတတ်တဲ့နှလုံးသားမှမရှိတာ''

''ဘာပြောတယ်''

သူ့ကိုများနှလုံးသားမရှိဘူးတဲ့။သူကဘယ်သူ့ကြောင့်နဲ့ခုလိုအိမ်ကနေထွက်လာရတာလဲ။ဒါကိုကျေးဇူးမတင်တဲ့အပြင်သူ့ကိုအပြစ်ပါလာတင်နေသေးတာ။

''ငါနင်နဲ့ပြိုင်မငြင်းတော့ဘူးသစ်ရွက်စိမ်း ငိုမနေနဲ့တော့ စိတ်ပျက်စရာကောင်းတာ''

ထိုစဥ်သူ့ဘောင်းဘီအိတ်ကပ်ထဲကဖုန်းကမြည်လာ၍သူဖုန်းကိုထုတ်ကြည့်လိုက်တော့မခဆက်လာတာဖြစ်နေလေ၏။

''အေးမခ''

ထိုနာမည်ကိုကြားတော့သစ်ရွက်မျက်နှာကအရောင်တစ်မျိုးဖြတ်ပြေးသွားရသည်။

''အေး ငါအိမ်ပြောင်းနေရလို့ ငါနဲ့သစ်ရွက်တို့အိမ်ခွဲနေနေရပြီ အင်း လာခဲ့မယ်လေ အင်း ဒါပဲလေ ဘိုင့်''

သူဖုန်းချပြီးသစ်ရွက်ဘက်လှည့်၍

''သစ်ရွက် ငါခဏနေကျ...''

I don't love you[completed]Where stories live. Discover now