............................Beauty productsထုတ်လုပ်သည့်
WIGကုမ္ပဏီမှဝန်းထမ်းများသည်
ပုံမှန်ရက်များထက် ယနေ့မှာ
အလုပ်ပိုရှုပ်နေကြသည်။ အကြောင်းမှာ
WIGကုမ္ပဏီ CEO
ကုမ္ပဏီမလာသည့်နှစ်ရက်အတွင်း
ဝန်ထမ်းတချို့ လွပ်လပ်စွာ
အချောင်ခိုခဲ့ကြ၍ ယနေ့မှာမှ
ထမင်းမေ့ ဟင်းမေ့သည့်အထိ
အလုပ်ကြိုးစားနေကြခြင်းဖြစ်သည်။
အလုပ်ကိုယ်စီ လုပ်ကိုင်နေကြသော
ဝန်ထမ်းများကြားမှာ အပ်ကျသံမျှ
မထွက်သည့်အထိ တိတ်ဆိတ်လျက်ရှိ၏။
အပြင်လူတစ်ယောက်သာ ကုမ္ပဏီအတွင်းသို့
ဝင်ရောက်လာခဲ့လျှင် ကုမ္ပဏီမှာ
လူမရှိဘူးလို့တောင် ထင်သွားလောက်မည်။
ထိုမျှ တိတ်ဆိတ်နေတာ။"ကဲကဲ အားလုံးပဲ
လုပ်လက်စအလုပ်တွေကို ခဏချထားကြ။
အရေးတကြီးပြောစရာရှိတယ်"Staff leaderကြီး၏ ကျယ်လောင်သော
အမိန့်အသံက တိတ်ဆိတ်နေတဲ့
ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြိုခွင်းလိုက်နိုင်သည်။ ကွန်ပျူတာနှင့် စာရွက်စာတမ်းများကြား
ခေါင်းငိုက်စိုက်ကျနေသော
ဝန်ထမ်းများသည် leaderကြီး၏
အသံကိုကြားသည်နှင့် စိတ်ဝင်တစား
ခေါင်းထောင်လာကြသည်။
တချို့က လစာထုတ်ရက်ရောက်တော့မှာမို့
လစာတိုးပေးဖို့လာဆိုတဲ့စိတ်ဖြင့်
ပျော်ရွှင်နေကြသလို တချို့ကျ
အချောင်ခိုထားခဲ့တာတွေကို
CEOသိသွားသလားဆိုတဲ့စိတ်နဲ့
ထိတ်လန့်နေကြသည်။အတွေးကိုယ်စီနှင့် စိုက်ကြည့်နေကြသော
ဝန်ထမ်းများအားလုံးကို leaderကြီးမှ
ဝေ့ဝဲကြည့်လာသည်။"ဒီနေ့ ဝန်ထမ်းအားလုံးကို
လစာထုတ်ပေးမယ်""ဟမ်း!! လစာထုတ်ရက်က
နောက်နှစ်ရက်ကျန်သေးတယ်မလား""နှစ်ရက်ကျန်လည်း
ကြိုထုတ်ပေးတာနေမှာပေါ့။
ပျော်လိုက်တာ
ဖုန်းပေါင်ထားတာရွေးလို့ရပြီ။ ဟီးဟီးး""ငါ့အမေ ဆေးဖိုးအတွက်
ပိုက်ဆံကြိုရမယ်ဆိုတော့
အရမ်းအဆင်ပြေတာပဲ""ငါကမပြေဘူး။ အကြွေးဆပ်ရမယ်၊
အကြွေးဆပ်ပြီးရင် နောက်တစ်လအထိ
ငက်ရဦးမယ် ဟွန်း"

YOU ARE READING
I Hate You
FantasyWarning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။