အပိုင်း ( ၂ )

329 33 20
                                        

[ Uni ]

" ချန်းယောလ် အဆင်ပြေရဲ့လား။ "

အချုပ်ခန်း သံတိုင်ကြားရောက်နေတဲ့ ချန်းယောလ်က ခပ်ပေပေမော့ကြည့်လာသည်။ နှုတ်ခမ်းဖူးဖူးရဲ့ ထောင့်လေးမှာ သွေးစ,အနည်းငယ် စို့နေတော့ ဂယောင်ဆူးရင်ထဲ ထိတ်လန့်သွားရသည်။

" အဆင်ပြေတဲ့ပုံ ပေါက်နေလို့လား။ "

နံရံကို မှီပြီး ပေ‌တေတေ ထိုင်နေတဲ့ ချန်းယောလ်က ဂယောင်ဆူးကို မကျေမနပ်မော့ကြည့်နေသည်။ ဂယောင်ဆူး သက်ပျင်းခိုးချပြီး ခပ်အေးအေးပြုံးပြလိုက်သည်။

" ‌ဟုတ်ပါပြီ။ ခုဏကျရင် ထွက်ရတော့မှာပါ။ ကိုယ် ခံဝန်ကတိ ထိုးပေးပြီးပြီ။ "

" အဲ့ခံဝန်ကတိက လာတိုင်းထိုးနေရတာပဲ။ "

" ဟင် ချန်းယောလ်? "

ချန်းယောလ်က သူ့ဂုတ်သူပွတ်ပြီး မျက်စိတွေမှိတ်ကာ ခပ်တိုးတိုး ရေရွှတ်လိုက်တော့ ဂယောင်ဆူးက ‌ပြန်မေးသည်။

စိတ်ရှုပ်သလို ကြည့်လာတဲ့ ချန်းယောလ် မျက်ဝန်းတွေကို အတက်နိုင်ဆုံး သတိထားပြီး ပြန်ကြည့်နေရသည်။ နည်းနည်းလေး လွှဲချော်သွားရင်တောင် အန္တရာယ်စက်ဝန်းထဲ ကျရောက်စေနိုင်တဲ့ မျက်ဝန်းမျိုးတွေ။

" ပတ်ချန်းယောလ်- ရှီ ထွက်လို့ရပါပြီ။ "

အသိပေးသံအဆုံး ရဲတစ်ယောက် ရောက်လာပြီး အချုပ်ခန်းတံခါးကို ဖွင့်ပေးသည်။ ချန်းယောလ်က အချုပ်ခန်းထဲကနေ ထွက်ပြီးသည်နှင့် မြှောက်ကြွမြှောက်ကြွဖြစ်နေတဲ့ ခြေလှမ်းနဲ့ ရှေ့က ဦးဆောင်သွားသည်။ စခန်းမှူးကိုတောင် ခပ်တည်တည်နဲ့ လက်နှစ်ချောင်းပူးပြီး အလေးပြုတဲ့ ပုံစံ ‌လုပ်ပြနေသေးသည်။

" ဒိုဂယောင်ဆူး! "

" ဟင် .. ပြောလေ‌ ချန်းယောလ်။ "

ရပ်ထားတဲ့ ကားနား ရောက်ခါနီး ချန်းယောလ်က ခပ်မာမာလှမ်းခေါ်သည်။ ဂယောင်ဆူးက ‌အနောက်ခပ်လှမ်းလှမ်းက လိုက်နေရင်း ချန်းယောလ် ခေါ်သံကြောင့် အပြေးတစ်ပိုင်း ရောက်လာသည်။

" ကျုပ်ဆေးလိပ် သောက်ချင်တယ်။ "

" ဒီမှာဆေးလိပ် ။ "

မုန်းခွင့် မရှိတဲ့ " မောင် "Where stories live. Discover now