''ချစ်တဲ့စိတ်ကြောင့် အရာရာကိုအပြစ်မမြင်မိတာပါလား မောင်ရယ် တော်သေးတာပေါ့ နှလုံးသားက တစ်ခုပဲပါလို့ နှစ်ခုသာပါရင် သက်လှယ်ခံနိုင်မှာမဟုတ်ဘူး....''
~~~~
''လိုရင်းကိုပြောရမယ်ဆို...ကျွန်မ က ကိုကိုဒေါနစ်နဲ့လက်ထက်ရမယ့်သူပါ...''
''ဟက်...ငါ့မှာအိမ်ထောင်ရှိတယ်လို့ ငါ့အဖေ မပြောထားဘူးလား''
''အိမ်ထောင်ရှိလဲ ဘာဖြစ်လဲ ကိုကိုဒေါနစ်ရဲ့ မိန်းကလေး မှမဟုတ်တာ ဗိုက်လည်းမကြီးနိုင်ဘူးလေ...အခကြေးပေးပြီးပြန်လွှတ်လိုက်ပေါ့ ပြီးတော့ လက်ထက်တာကလည်း လူသိရှင်ကြားမှမဟုတ်ပဲ ဘာပြသနာမှမရှိလောက်ဘူးလေ..''
''မင်းစောက်ပေါက်က...ဘာတွေစောက်ဆင့်ရှိလို့ ငါ့ကိုအမိန့်လာပေးနေတာလဲ....မင်းနဲ့လည်း လက်မထက်နိုင်ဘူး သက်လှယ် နဲ့လည်းကွာမရှင်းပေးနိုင်ဘူး..မင်းလစ်လိုက်တော့''
''ကိုကိုအဲ့လိုပြောမယ်ဆိုတာ ဦးလေးက ပြောလိုက်ပြီးသားပါ ဦးလေးက ကိုကို ကို ဒီစာလေးပေးလိုက်တယ်''
စာက စျေးကြီးတဲ့ ဖယောင်းစာရွက်!!စာကို မောင်က ဖွင့်ပြီး ဖတ်လိုက်တော့...
''ဘာ''
စာထဲမှာက
''Si te niegas, tu madre morirá''
''မင်းငြင်းရင် မင်းအမေသေလိမ့်မယ်''စပိန်လိုရေးထားတဲ့ စာတစ်ကြောင်း...''ဘာအဓိပ္ပါယ်မှန်းမသိပင်မဲ့မောင်မျက်နှာက ဖြူပျော့နေပြီ...နောက်တော့
''မင်းအထုတ်တွေပါလား''
နားထဲလွှင့်စင်လာတဲ့အေးစက်စက် လေသံတစ်ချို့...
''ဘာ!!မောင်က နေခွင့်ပြုလိုက်တာလား?''
''မင်းနဲ့ ခနလောက်စကားပြောရအောင်..ဟန်မင်းရဲ့အခန်းက ဟိုဘက်မှာ''
မင်း..?မင်းတဲ့လား..ရင်ဖက်ထဲက သေမလိုပဲ ဆူးပြီးအောင့်နေတဲ့ခံစားချက်က ဆိုးလွန်းတယ်...
မောင်က ငါတို့အခန်းထဲကို လက်ဆွဲခါခေါ်သွားခဲ့တယ်..။
နောက်တော့..

YOU ARE READING
My 18+ person
Romanceနာမယ်- ဒေါနစ် (Dimple ေခါ် ပါးချိုင့်) အသက်-21 အရပ်-6ပေ5လက်မ ဝါသနာ-ကုတင်ချိုးခြင်း။သက်တံရောင်စဥ်အနားမှာနေခြင်း။ အလုပ်အကိုင်-Mange Company CEO မိသားစု-အစုံအလင်ရှိပင်မဲ့အဝေးရောက် ကြိုက်သည့်အရာ-သက်တံရောင်စဥ်။ မကြိုက်သည့်အရာ-သူ့အမေကလွဲ ပြီးအခြားမိသားစ...