Part.11

22K 390 2
                                        

Unicode

ဒီနေ့ဖေဖေကြီးနဲ့မေမေကြီးကအလုပ်ကိစ္စနဲ့ခရီးထွက်သွားတာမို့အိမ်မှာသစ်ရွက်တို့သာရှိသည်။

မမခြယ်နဲ့မမကြွယ်ကလည်းမိဘတွေမရှိတုန်းဘားမှာညလုံးပေါက်သွားကဲမည်ဖြစ်ပြီးအိမ်ပြန်မလာဘူးဆို၍နေသွေးကမသီတာကိုထမင်းဟင်းမချက်ခိုင်းတော့ပဲသစ်ရွက်နဲ့အတူနေ့လည်စာရောညစာပါအပြင်မှာပဲထွက်စားဖြစ်ခဲ့၏။

သူမတို့ဆိုင်တစ်ဆိုင်မှာညစာစားနေတုန်း

''နေသွေး တိုက်ဆိုင်လိုက်တာ''

အသံနဲ့မတူမိုးမခကသူမတို့ဝိုင်းမှာလာဝင်ထိုင်လေသည်။
တစ်ကယ်ကတိုက်ဆိုင်တာမဟုတ်ဘဲနေသွေးဒီမှာရှိတယ်ဆို၍မိုးမခကတမင်ရောက်လာတာပါ။

''ညစာလာစားတာလားမခ''

''အင်း ငါနင်တို့နဲ့အတူထိုင်မယ်နော် ရတယ်မလားသစ်ရွက်စိမ်း''

သစ်ရွက်လည်းခေါင်းညိတ်ပြလိုက်၏။

နေသွေးနဲ့မခကညစာစားကြရင်းစကားတွေဖောင်ဖွဲ့ပြီးပြောနေကြတာကိုကြည့်ရင်းသစ်ရွက်စိတ်ထဲဝမ်းနည်းလာရသလိုပင်။

သူမလည်းထိုကဲ့သို့စကားပြောနိုင်ရင်သိပ်ကောင်းမှာ။

ထိုစဥ်ရုတ်တရက်ကြီးဆိုသလိုမခက​ဗိုက်ကိုဖိ၍

''အာ့! ဗိုက်နာလိုက်တာ''

''ဘာဖြစ်တာလဲမခ''

''ငါဗိုက်အောင့်လို့ ငါဒီလိုဖြစ်နေတာရက်နည်းနည်းကြာနေပြီ''

''နင်အဲဒါကိုဆေးခန်းမပြဘူးလား''

''ဟင့်အင်း''

''အာ နင်ကလည်း''

''အားး ငါအရမ်းနာလာပြီနေသွေး''

''ငါနင့်ကိုဆေးခန်းလိုက်ပို့မယ်''

နေသွေးကမခကိုတွဲလိုက်ပြီးသစ်ရွက်အား

''သစ်ရွက် ထ သွားရအောင်''

သူမဘာမှတောင်မစားရသေးဘူးလေ။မခက

''သူ့ကိုထားခဲ့လိုက်ပါ သူလည်းဘာမှမစားရသေးဘူးလေ ပြီးမှပြန်လာခေါ်လိုက်ပေါ့ ငါ့ကိုဆေးခန်းအရင်လိုက်ပို့ပေးစမ်းပါ''

I don't love you[completed]Where stories live. Discover now