Unicode
ပွဲပြီးသွားလို့သူတို့အပေါ်ထပ်ခဲ့ပြီးအခန်းထဲရောက်တဲ့အချိန်မှာနေသွေးကသူ့တိုက်ပုံအင်္ကျီကိုဆွဲချွတ်လိုက်ပြီးစတစ်ကော်လံကအင်္ကျီကြယ်သီးတွေကိုပါဖြုတ်ကာသစ်ရွက်ကိုစေ့စေ့ကြည့်၍
''ငါနင့်ကိုမှာထားရဦးမယ် နင့်ကိုယ်နင်ငါ့မိန်းမဆိုပြီးမာန်တက်ဖို့မစဥ်းစားနဲ့နော် နေရာတကာလိုက်စွက်ဖက်ဖို့လည်းမစဥ်းစားနဲ့ ဟိုမိန်းမနဲ့တွဲလို့ဒီမိန်းမနဲ့ပတ်သက်လို့ဆိုပြီးလည်းလိုက်သဝန်တိုအူပုတ်မယ်မကြံနဲ့''
သစ်ရွက်ကမျက်ခုံးလေးတွေတွန့်ချိုးကာဖြင့်
''ငါကဘာကိစ္စသဝန်တိုရမှာလဲ နင့်ဘာသာတွဲရုံမကလို့မယားငယ်ပဲထားထားစိတ်မဝင်စားဘူး သဝန်တိုစရာဘာအကြောင်းမှမရှိတာ''
လက်ဟန်ခြေဟန်နဲ့တောင်ဒီလောက်ချေပတတ်နေတာ။စကားများပြောတတ်ရင်မလွယ်ဘူး။
''အေး ပြီးတာပဲ''
''အဲလိုဆိုငါ့ကိုလည်းနင်မစွက်နဲ့နော် ငါပတ်သက်ချင်တဲ့သူနဲ့ပတ်သက်မှာ''
''ဘာ!!''
သူကချက်ချင်းဆိုသလိုပဲသူမရှေ့လွှားခနဲရောက်လာပြီးသူမလက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်ကာ
''နင်သတ္တိရှိရင်လုပ်ကြည့်လေ မိုးပြိုတာထက်ဆိုးသွားမယ်''
သစ်ရွက်ကသူ့လက်တွေကိုဖြုတ်ချကာ
''နင်ကအတ္တကြီးလိုက်တာ နင်ကျနေချင်သလိုနေမယ်ဆိုပြီးငါ့ကိုကျမှနင်ထားရာနေစေရာသွားနေစေချင်တာလား''
''ငါကယောကျ်ားလေး ဘာမှမဖြစ်ဘူး နင်ကမိန်းကလေး နေချင်သလိုနေလို့ရမလား ပြီးတော့ယောကျ်ားတွေအကြောင်းကိုယောကျ်ားဖြစ်တဲ့ငါကပိုသိတယ် နင်နားလည်လား''
''ယောကျ်ားတိုင်းကတော့နင့်လိုဟုတ်မယ်မထင်ပါဘူး နင်သာငါ့ကိုယုတ်မာတဲ့သူ''
''ယုတ်မာတယ် ဟုတ်လား အဟင်း အဲနေ့ကငါနင့်ကိုဘာမှမလုပ်ခဲ့ဘူး နင့်အဝတ်အစားတွေကိုချွတ်ခဲ့ရုံပဲ ဒီညမှလုပ်မှာ''
သူ့စကားကြောင့်သစ်ရွက်မျက်လုံးလေးတွေကဝိုင်းစက်သွားရ၏။

YOU ARE READING
I don't love you[completed]
Fanfictionစကားမပြောတတ်တဲ့ကောင်မလေးကိုအနိုင်ကျင့်ဖိနှိပ်ပြီးကာမှအချစ်ကြီးချစ်သွားမယ့်ငပွေကောင်လေး