Part.8

22.9K 377 1
                                        

Unicode

လူလတ်တန်းစားရပ်ကွက်လေးတစ်ခုမှာရှိတဲ့ပျဥ်ထောင်အိမ်လေးရှေ့မှာနေသွေးရဲ့ကားလေးကထိုးရပ်သွားလေ၏။

နေသွေးကသူအရင်ကားပေါ်ကဆင်းပြီးသူမဘက်အခြမ်းကတံခါးကိုလာဖွင့်ပေး၍

''ဆင်း''

သစ်ရွက်ကအတင်းခေါင်းခါတော့သူစိတ်မရှည်စွာနဲ့ကားခါးပတ်ကြိုးကိုဖြုတ်ကာသူမအားကားပေါ်ကဆွဲချလိုက်၏။

အခွင့်အရေးကိုစောင့်နေတဲ့သစ်ရွက်ကလည်းသူ့လက်ကိုခါထုတ်ကာနေရာကနေထွက်ပြေးဖို့ကြံလိုက်စဥ်သူမထက်လျင်တဲ့နေသွေးကသူမအားဒူးကနေပွေ့ကာသူမကိုယ်လေးအားပုခုံးပေါ်ထမ်းတင်၍အိမ်ထဲသို့ခေါ်လာခဲ့လိုက်လေသည်။

သူမကသူ့ကျောပြင်ကိုလက်သီးဆုပ်တွေနဲ့အသားကုန်ထုရို.က်နေပေမယ့်သူ့စိတ်ထဲတော့ပန်းနဲ့ပေါက်နေသလားဟုသာအောက်မေ့ရလေ၏။

အိမ်ထဲရောက်တာနဲ့သူမအားအခန်းတစ်ခုထဲခေါ်ခဲ့ပြီးကြမ်းပေါ်မှာဒီအတိုင်းခင်းထားတဲ့မွေ့ယာပေါ်ပစ်တင်လိုက်တော့သစ်ရွက်ကဖင်ထိုင်လျက်လေးနောက်ကိုဆုတ်သွားလေသည်။

ဒါကိုပဲသူကသစ်ရွက်ခြေထောက်နှစ်ဖက်အားဆွဲလိုက်ပြီးသူမအားမွေ့ယာပေါ်လှဲချကာသူမပုခုံးတွေကိုဖိ၍

''ငါနင့်ကိုခိုးပြေးလာတာ ဒီနေ့ကစပြီးနင်ကငါ့မိန်းမဖြစ်သွားပြီ''

သူ့စကားကြားတော့သစ်ရွက်ကမျက်ရည်တွေကျလာရင်းသူ့ဆီကအတင်းရုန်းကန်တော့သည်။

''ငြိမ်ငြိမ်နေစမ်း''

သူမကစကားနားမထောင်တဲ့အပြင်သူ့လက်ဖျံကိုပါအမိအရကို.က်လာလေ၏။

''အားး သစ်ရွက်စိမ်း!''

နေသွေးသူမအားလွှတ်ပေးလိုက်မိတဲ့အချိန်မှာပဲအခွင့်အရေးကိုချောင်းနေတဲ့သူမကအိပ်ရာကနေထပြေးလေသည်။

နေသွေးကလည်းတစ်စက်မှအလွတ်မပေးပဲသူမခါးအားလက်တစ်ဖက်တည်းနဲ့ဆွဲပွေ့၍သူမအားမွေ့ယာပေါ်ပြန်တင်ကာလူကလည်းသူမ​​ဗိုက်ပေါ်မှတက်ခွလိုက်ပြီးသူမနှုတ်ခမ်းလေးအားအတင်းဖိနမ်းပစ်လိုက်တော့သည်။

I don't love you[completed]Where stories live. Discover now