အပိုင်း ၆၂

Start bij het begin
                                    

''ဒါကျုပ်စကားပဲ''

''ဟုတ်တယ်လေ ကျွန်တော်ဒီအိမ်စစရောက်တုန်းကဦးထင်ပဲသင်ပေးခဲ့ပြီးတော့ အခုကျွန်တော်ပြောနေတာပြန်မပြောလို့ဦးထင်ကိုသတိပေးတာ''

ခေါင်းကိုခါရမ်းလိုက်ကာ အရှေ့သို့ပြန်လှည့်လိုက်သည်။စကားဟာလည်းပြောတတ်ကြွယ်တတ်လွန်း၍ လှတောရွာကဇာတိလားဟုတောင်မေးယူချင်သည်အထိမောင်ခတ္တာဟာအတတ်ကလေးပင်။

''ကျန်းမာရေးကိုဂရုစိုက်ရမယ်လေဗျာ ဒါတော်သေးတယ်ခဏလေးနဲ့ပြန်ကျန်းမာလာလို့မဟုတ်ရင်ဦးထင်ဘယ်လိုလုပ်မလဲ ကျွန်တော်သာပြန်မလာရင်ကော ဒီတိုင်းပစ်စလက်ခက်နေတော့မှာလား ဦးထင်သာတစ်ခုခုဖြစ်ရင်ကျွန်တော်ဘယ်လိုနေ...''

လက်ထဲမှစာရွက်များကိုကြည့်နေရင်း နားထင်သို့နှိပ်နယ်ပေးနေသည့်လက်ကလေးကိုဆွဲယူ၍နှုတ်ခမ်းများနှင့်ထိကပ်လိုက်သောအခါ ခတ္တာမှာငြိမ်သက်သွားသည်။

''သိပ်စကားများသည်ပဲ ကလေးငယ်''

အတော်အတန်ကြာသည်အထိငြိမ်သက်သွားသည်မလို့မမြင်အောင်ပြုံးလိုက်မိသည်။ကွယ်ဝှက်ပြီးတစ်နေရာရာတွင်သိမ်းထားလို့ရသည့်အရာလေးသာဆိုသော့ခတ်သိမ်းထားလိုက်ချင်မိ၏။

''အဲ့လိုမခေါ်ပါနဲ့ဗျာ ရူးသွားမတတ်ပဲ''

ညည်းညူစွာပြောလာသည့်အတွက်ဆက်ထင် ခတ္တာဘက်သို့ခန္ဓာကိုယ်တစ်ခုလုံးလှည့်လိုက်ပြီးနောက်ခတ္တာအားစူးစမ်းစွာကြည့်လိုက်သည်။

''ဘာလို့များတုန်းမောင်ခတ္တာ''

''သဘောကျလွန်းလို့လေ''

အသံထွက်သည်ထိရယ်မောလိုက်မိသည့်အခါသူလေးကပါသွားတက်လေးတွေပေါ်သည်အထိဆက်ထင်အားလက်ပိုက်ကြည့်ကာပြုံးလာပြီးမျက်ခုံးတွေအားနှစ်ခါပင့်ပြလာသည်။

''မနိုင်စိန်လေးပဲမောင်ခတ္တာရ''

ထိုအခါ ဆက်ထင်စကားကိုထောက်ခံသည့်ပုံစံနှင့်ပုတ်သင်ညိုလေးသဖွယ်ခေါင်းတဆတ်ဆတ်ငြိမ့်ပြသေး၏။

''မင်းကကျုပ်ရဲ့အေးချမ်းရာလေးပဲ ကျုပ်အနားမယ်အခုလိုမျိုးမင်းရှိနေသရွေ့ကျုပ်ဘာမှဖြစ်မှာမဟုတ်ဘူး မင်းရှိနေတယ်ဆိုတဲ့အသိနဲ့တင်ထိန်းချုပ်လိုက်မယ် တစ်စုံတစ်ရာမဖြစ်စေချင်ရင်အနားကသာထွက်မသွားလေနဲ့ နားလည်သလား မောင်ခတ္တာ''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Waar verhalen tot leven komen. Ontdek het nu