Part.6

21.7K 385 4
                                        

Unicode

ဒီနေ့စိုင်းညီညီတစ်ယောက်သူ့အမေနဲ့အတူသူတို့အိမ်ကဆွမ်းကပ်အလှူအတွက်မေမေ့အသိမိတ်ဆွေတွေအားဖိတ်စာတွေလိုက်ဝေပေးဖြစ်သည်။

ဤသို့ဖြင့်အိမ်တစ်အိမ်ရောက်တော့သူ့အမေက

''သား ဒီအိမ်မှာကောင်မလေးချောချောလေးရှိတယ် ဒါပေမယ့်စကားတော့မပြောတတ်ရှာဘူး''

''စကားမပြောတတ်ဘူး''

''ဟုတ်တယ်သားရဲ့ လှတာတော့ဖူးညွတ်နေအောင်လှတာနော်''

ပြောပြီးသူ့အမေကဘဲလ်တီးလိုက်လေသည်။

သူ့အမေစကားကြောင့်စိုင်းညီညီမှာသစ်ရွက်အားမျက်လုံးထဲသွားပြေးမြင်မိသည်။
သူမလေးလည်းအတော်လေးလှရှာပေမယ့်စကားမပြောနိုင်ရှာပေ။

သူတွေးနေတုန်းမှာပဲမိန်းကလေးတစ်ယောက်ကခြံတံခါးလာဖွင့်ပေး၍သူတို့သားအမိနှစ်ယောက်ကားပေါ်ပြန်တက်ကာခြံထဲသို့မောင်းဝင်လာလိုက်လေသည်။

သူတို့အိမ်ထဲရောက်တော့မေမေနဲ့ရွယ်တူလောက်ရှိမည်ထင်ရသောအမျိုးသမီးကသူတို့အားခရီးဦးကြိုဆိုကာဧည့်ခန်းထဲဝင်ထိုင်စေလေ၏။

''လာ ထိုင်ကြပါ လွင်ဖုန်းဆက်ထားကတည်းကကျွန်မကမျှော်နေတာ သီတာရေ ဧည့်သည်တွေအတွက်အအေးနဲ့မုန့်လေးယူခဲ့နော်''

''ဟုတ်မေမေကြီး''

ဒေါ်ရွှေသားမှုန်ကစိုင်းညီညီကိုကြည့်ကာ

''ဒါကလွင့်သားလား''

''ဟုတ်ပါ့ စိုင်းညီညီတဲ့''

စိုင်းညီညီကခေါင်းညိတ်ပြရင်း

''တွေ့ရတာဝမ်းသာပါတယ်အန်တီ''

''အေးပါကွယ်''

စိုင်းညီညီအမေ ဒေါ်လွင်လွင်စိုးက

''ဒါနဲ့ ဟိုကလေးရော''

''ဘယ်သူ...ဪ သစ်ရွက်လား''

''အင်း ဟုတ်တယ်''

သစ်ရွက်ဆိုသောနာမည်ကြောင့်စိုင်းညီညီရင်ထဲထိတ်ခနဲဖြစ်သွားရလေသည်။

''ရှိတယ်''

ထိုစဥ်သီတာကမုန့်နဲ့အအေးတွေလာချပေး၍ဒေါ်ရွှေသားမှုန်က

I don't love you[completed]Where stories live. Discover now