Part.5

21.5K 386 1
                                        

Unicode

နားထဲမှာသူမဘေးကနေကားတွေဖြတ်မောင်းသွားတဲ့အသံမျိုးတွေကြားလိုက်တာကြောင့်သစ်ရွက်မျက်ခွံလေးတွေလှုပ်လာရကာလူကသတိမေ့နေရာမှပြန်ပြီးသတိလည်လာရလေ၏။

သူမမျက်လုံးဖွင့်ဖွင့်ချင်းသိလိုက်ရတာသူမကကားတစ်စီးပေါ်ရောက်နေပြီးအဲဒီ့ကားကလည်းနေသွေးရဲ့ကားဆိုတာပင်။

သူမချက်ချင်းပဲစတီယာတိုင်ကိုကိုင်ထားတဲ့သူ့လက်တွေအားလှမ်းဆွဲလိုက်ပြီးသူ့ကိုပါထုရိုက်ပစ်တာကြောင့်ကားကဘယ်ညာယိမ်းထိုးသွားရပြီး နေသွေးကလည်းကားကိုချက်ချင်းရပ်ပစ်ကာ

''နင်ဒါဘာလုပ်တာလဲ အကုန်သေကုန်တော့မှာပဲ''

သူမကသူ့အားမကျေမနပ်ကြည့်၍ကားပေါ်ကနေဆင်းသွားတာကြောင့်နေသွေးလည်းကားပေါ်ကနေဆင်းကာသူမနောက်ကလိုက်ပြီးလက်ကိုလှမ်းဆွဲလိုက်လေ၏။

''နင်ဒါဘာအချိုးချိုးတာလဲ ခုချက်ချင်းကားပေါ်တက်''

သူမကသူ့လက်ကိုဆတ်ခနဲပုတ်ချ၍နေရာမှထွက်သွားပြန်သည်။

''ငါနင့်ကိုရပ်လိုက်လို့ပြောနေတယ်နော်''

သူမကတစ်စက်မှဂရုမစိုက်ပဲရှေ့ကိုသာဆက်သွားနေတုန်း။

နေသွေးလည်းညစ်ကျယ်ကျယ်ပြုံးလိုက်ပြီးမှသူမကိုအမီလိုက်ပြီးသူမကိုယ်လေးအားပွေ့ချီကာကားဆီသို့ခေါ်လာခဲ့လိုက်တော့သည်။

ဒါကိုသူမကသူ့ရင်ဘတ်ကိုထုရိုက်၍သူ့ပေါ်ကနေအတင်းရုန်းနေပြန်သေး၏။

''နင်ငါ့ကိုဘယ်ကသတ္တိတွေနဲ့လက်ပါရဲနေတာလဲ ဟမ်''

သစ်ရွက်ကဂရုမစိုက်ပဲသူမလက်သီးဆုပ်သေးသေးလေးတွေနဲ့သူ့အားဇွတ်ထုနေတုန်းပင်။
နေသွေးလည်းသူမအားကားထဲပစ်ထည့်၍

''ငြိမ်ငြိမ်နေစမ်း မဟုတ်လို့ကတော့နင်ဒီနေရာမှာတင်ငါ့မိန်းမဖြစ်သွားလိမ့်မယ်''

ထိုစကားကြားမှပဲသစ်ရွက်တစ်​ယောက်အသံမထွက်ပဲငြိမ်ကျသွား​လေ၏။

သူကားမောင်းသူနေရာမှပြန်လာထိုင်လိုက်သည်နှင့်သူမကတရှုံ့ရှုံ့ငိုကာ

I don't love you[completed]Where stories live. Discover now