အပိုင်း - ၃

3.5K 148 0
                                    

" မနွေပျိုမဒီ ရောက်နေတာလား "

သူ့နောက်ကျောဘက်ကနေ ထွက်လာတဲ့ အသံတစ်သံ။

" ဟုတ်ကဲ့ "

" ကိုး တစ်ယောက်ထဲပျင်းတာနဲ့ မမနွေကို အဖော်လုပ်ခိုင်းနေတာ သရက်သီးသုပ်နဲ့မျှားပြီးတော့ပေါ့ "

သကောင့်သားက ပြောင်ချော်ချော်မျက်နှာပေးနဲ့ သရက်သီးပန်းကန်ကို မြှောက်၍ပြောလာသည်။ မသိရင်ဖြင့် သူကစားချင်လွန်းသပ ဖြစ်နေလို့ သူခေါ်တာလာခဲ့သလိုလိုနဲ့။

" ဒါနဲ့ ဒီအချိန်အလုပ်မှာရှိရမှာ မဟုတ်ဘူးလား "

" ဟုတ်တယ်...ဖေဖေကစာချုပ်တစ်ခုယူခိုင်းလိုက်လို့လာယူတာ...ဒါဆို ဆက်စားကြပါ ကျွန်တော်သွားလိုက်ပါဦးမယ် မနွေပျိုမဒီ "

သူပြုံးပြ၍ခေါင်းငြိမ့်ပြတော့ ကိုလေညိုအပေါ်ထပ်တက်သွားသည်။ ပန်းမြတ်ချယ်ကိုအကြည့်ရောက်တော့ ခုံပေါ်ကိုရိပဲ့ပဲ့ထိုင်နေပြီး မချိတင်ကဲရုပ်ဖြင့် တစ်နေရာကိုစိုက်ကြည့်နေ၏။

ကိုကိုနဲ့တော့ သ၀န်မတိုကောင်းမှန်းသူသိသည်။ သို့သော်လဲ မမရဲ့အပြုံးတွေဟာ သူနဲ့ကျတော့မတော်တဆလေးတောင် ပေါ်လာခြင်းအလျင်းမရှိပါပဲနဲ့။ တစ်ခြားသူတွေနဲ့ကျ ရက်ရက်ရောရောပင်။

သူ...သူ ဘာလုပ်သင့်လဲ။ စာသာတော်ပေမဲ့ ဒီနေရာတွေတော့ လူဟာသူငယ်တန်းကျောင်းသားလို ၀လုံးကိုပင် ၀ိုင်းအောင်မရေးတတ်။
ရုတ်တရပ် ဉာဏ်အလင်းပွင့်သွားသလို ဖန်လုံးလေးမီးလင်းသွား၏။

အရင်းဆုံး ထိုင်နေသည်ကို သေချာအကျအနပြင်ထိုင်သည်။ မမအမြင်မှာ သူဟာကြည့်ကောင်းနေပြီး အားကိုးအားထားနိုင်တဲ့ လူတစ်ယောက်ပုံစုံဖြစ်နေရမည်။ မဟုတ်ဘူး ဖြစ်ရမယ်။ အမြဲတမ်းအတွက် ဖြစ်ကိုဖြစ်နေရမယ်။

ချောင်းဟန့်လိုက်ပြီး စကားပြောရန် မမဘက်ကိုအကြည့်ရောက်တော့ မမကစပ်လို့ထင်ပါသည် တရှူးရှူးတရှဲရှဲဖြင့် ဖျော်ရည်ကိုမနားတမ်းသောက်နေသည်။ ကုန်သွားတော့ ပါးစပ်ထဲတောင် ငုံထားပါသေး၏။ မမနဲ့ကျမှပဲ ဒီဘာမဟုတ်တဲ့ အမူအယာလေးတွေကပင် သူ့အတွက် ရင်သပ်ရှုမောဖွယ်ဖြစ်နေသည်။

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now