Unicode
အချိန်အတိုင်းအတာတစ်ခုကိုအမြဲတမ်းအဆင်မပြေမှုတွေနဲ့ဖြတ်သန်းအပြီးမှာနေသွေးရောသစ်ရွက်ရောက 18နှစ်ဆိုတဲ့အသက်အရွယ်ကိုရောက်လာခဲ့ပြီပင်။
နေသွေးကလည်းအသက်အရွယ်နဲ့မလိုက်အောင်6ပေနီးပါးရှိသောအရပ် ဖြူဝင်းကြည်လင်တဲ့အသားအရေနဲ့ချောမောလွန်းသောရုပ်ရည် တောင့်တင်းသန်မာလွန်းတဲ့ခန္ဓာကိုယ်နဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်လာပြီးသူကလည်းပျိုတိုင်းကိုပြန်ကြိုက်တဲ့ခပ်ရှုပ်ရှုပ်ကောင်လေးတစ်ယောက်ဖြစ်လာခဲ့လေသည်။
ထိုနည်းတူသစ်ရွက်သည်လည်းရင် တင် ခါး သူ့နေရာနဲ့သူဖွံ့ဖြိုးလာပြီးပုရိသတွေလည်ပြန်ငေးလောက်စရာအလှအပမျိုးကိုပိုင်ဆိုင်ထားတဲ့မိန်းမငယ်လေးတစ်ဦးဖြစ်လာခဲ့လေ၏။
မထိရက်စရာကောင်းသောအသားအရေနဲ့တစ်နေကုန်ထိုင်ကြည့်နေရင်တောင်ရိုးမသွားစေမယ့်ချစ်စဖွယ်မျက်နှာလေးနဲ့အတူပိုးပန်းချင်တဲ့ယောကျ်ားတွေကလည်းဒုနဲ့ဒေးဖြစ်လာခဲ့လေသည်။''သားနဲ့သမီးတက္ကသိုလ်ကိုအတူတူတက်ရတော့မယ်ဆိုတော့မေမေကြီးဖြင့်ဝမ်းသာလိုက်တာကွယ်''
သစ်ရွက်ကသာပြုံးရွှင်နေပေမယ့်နေသွေးကတော့အလိုမကျတဲ့အသွင်အားအစွမ်းကုန်ဖော်ဆောင်ကာမျက်နှာတစ်ခုလုံးမှုန်ကုပ်နေလေသည်။
သစ်ရွက်ကကျန်းမာရေးမကောင်းပဲချူချာတာကြောင့်ရောကျူရှင်လည်းမယူခဲ့တာကြောင့်ရောမို့စာကိုသေချာမလိုက်နိုင်ခဲ့၍ရိုးရိုးတက္ကသိုလ်သာဝင်ခဲ့ပေမယ့် privateကျောင်းမှာနေပြီးguideတွေနဲ့သင်ခဲ့တဲ့နေသွေးကလည်းသူမနဲ့တက္ကသိုလ်တစ်ခုတည်းအတူတူရောက်ခဲ့၏။
ဖေဖေကြီးက
''ကျောင်းကောင်းကောင်းမှာထားတယ် ဘာသာစုံguideလည်းခေါ်ပေးတယ် လိုအပ်တာမှန်သမျှအကုန်ဖြည့်ဆည်းပေးတာတောင်ရိုးရိုးတက္ကသိုလ်ပဲမီရတယ်လို့ မင်းအစားသစ်ရွက်ကိုသာအဲ့လိုပံ့ပိုးပေးခဲ့ရင်ခုလောက်ဆိုသစ်ရွက်ကမင်းထက်သာနေလောက်ပြီ ဒါတောင်ဒီကလေးကအစိုးရကျောင်းမှာပဲတက်ခဲ့ပြီးဘာကျူရှင်မှာလည်းနေခဲ့တာမဟုတ်ဘူး အဲဒါတောင်သူကမင်းထက်အမှတ်ပိုများတယ် အသုံးမကျတဲ့ကောင်''

YOU ARE READING
I don't love you[completed]
Fanfictionစကားမပြောတတ်တဲ့ကောင်မလေးကိုအနိုင်ကျင့်ဖိနှိပ်ပြီးကာမှအချစ်ကြီးချစ်သွားမယ့်ငပွေကောင်လေး