Part 27 🦁🐰

Începe de la început
                                    

"စစ်သူကြီးကတော်ကို သွားခေါ်လိုက်ရင်ကောင်းမလား"

"ငါ့လောင်ဖောနဲ့မင်းတို့နဲ့ဘာဆိုင်လဲ!"

"....."

ချန်ရှင်းကစတောင်မစရဲတော့ချေ နည်းနည်းလေးစတာကို
အစတောင်မခံဘူး ။

"မင်းတို့သိလား....အဲ့ဟာလေးကလေ....အေ့!....ဒီလိုလုပ်မှာကို သူကအပေါ်မှာနေမယ်တဲ့...မင်းတို့စဉ်းစားကြည့်စမ်း သူ့လိုမျိုးဟာလေးက ဘယ်လိုလုပ်ပြီးအပေါ်မှာနေမှာတဲ့‌လဲ"

"ဘယ်ဟာလုပ်တာလဲ"

"ဒီဟာ..."

စစ်သူကြီး၀မ်က လက်ခုပ်တီးပြတယ် မူးတာတော့မူးနေပေမဲ့လည်း မိန်းကလေးတစ်ယောက်ပါလာတယ်ဆိုတဲ့ စိတ်က၀င်နေတာကြောင့် ထိုစကားကပြောလို့မသင့်။

"အာ...လက်ခုပ်တီးတာလား ကျွန်တော်တို့လည်း ဝိုင်းတီးမယ်လေ..."

အဓိပ္ပာယ်ကိုနားမလည်တဲ့ ၀မ်ရှုံ့က လက်ခုပ်ထတီးပြတယ်
အဲ့တာကိုစစ်သူကြီး၀မ်က မျက်မှောင်ကြီးကျူံ့လို့လာကြည့်သည်။

"မင်းကများ....ငါ့လောင်ဖောကို....."

"စစ်သူကြီး၀မ်...စစ်သူကြီး၀မ်!...စိတ်ထိန်းပါ!!"

ချန်ရှင်းကအနောက်ကနေ ဖက်ထားလို့ဆွဲထားရသည်
အဲ့လိုအသံတွေကြောင့်ပဲအခြားဝိုင်းတွေကလှည့်ကြည့်လာသည် စစ်သူကြီး၀မ်ကတည်ငြိမ်ပါတယ် စကားလည်းနည်းတယ် အရက်တိုက်လိုက်ပြီး မူးနေမှ ဆန့်ကျင်ဘက်ဖြစ်နေတာသူတို့မသိ အဲ့တာကြောင့်အရင်တုန်းကလည်း
တစ်ခွက်ပဲသောက်ပြီးငြိမ်နေတာကို ။

"ပြန်မယ်....ပြန်ကြမယ်...ငါစစ်သူကြီး၀မ်ကို တွဲမယ် ၀မ်ရှုံ့
မင်းကတော့ လီချန်ကိုတွဲကွာ"

"အင်း..."

လမ်းတစ်လျှောက်လုံးလည်း စစ်သူကြီး၀မ်မှာအငြိမ်မနေ
လမ်းလျှောက်တာ ဖြောင့်အောင်မလျှောက်ဘဲနဲ့ ယိုင်တိယိုင်
ထိုးကောက်ကောက်ကွေးကွေးနဲ့ လျှောက်သည်။

"ဟာ....ဟို၀တ်စုံ...အဲ့တာ....ငါ့လောင်ဖောလေးမှာလည်းရှိတယ်..."

"အင်းပါ...သူများဆိုင်ကို လက်ညှိုးကြီးသွားမထိုးနဲ့လေ"

စစ်သူကြီးကတော်ဖြစ်လာခြင်း (Complete)Unde poveștirile trăiesc. Descoperă acum