အခန်း 31

Start from the beginning
                                    

ရှောင်ပေါ်ဟန် က ‌နင်အာ အနားထိုင်ပြီး သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လာ၏။

         "ထပ်ပြောဦးမလား?"

‌နင်အာ က လည်ပင်းကိုအသာအယာ ညှစ်လိုက်သည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခဏအကြာတွင် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

ဒါပေမယ့် အရေးကြီးတာတစ်ခုကတော့

  “နောက်ဆိုမှာ ငါ့စကားပြေတာကို ခိုးနားထောင်မနေနဲ့။”

ရှောင်ပေါ်ဟန် ကနင်အာ ကို လှည့်ကြည့်လိုက်သည်။

ရှောင်ပေါ်ဟန် မပြောခဲ့သော အချို့သော အရာများ ကို၊ ‌နင်အာ ပင် ခန့်မှန်းနိုင်သည် ။ အဲဒီတုန်းက ရှောင်ပေါ်ဟန် က တံခါးလာခေါက်တာက တိုက်ဆိုင်မှုတစ်ခုကဆိုတာ ဘယ်လို လုပ်ဖြစ်နိုင်မလဲ။ “သင်္ချာ ညံ့တယ်” ဆိုတာလည်း သိသာထင်ရှားတဲ့ ဆင်ခြေပါပဲ။ ထို့ပြင် ရှောင်ပေါ်ဟန် က သင်္ချာဘာသာရပ်မှာ အရမ်းတော်တဲ့အတွက် သူ့ကို အကြံဉာဏ်တောင်းဖို့ ဒီကို လာမှာ မဟုတ်ပါဘူး။

ရှောင်ပေါ်ဟန် က သူ့ကို "ကယ်ဖို့"  တံခါးခေါက်ပြီး နှစ်သိမ့်ပေးလာခြင်းသာ။ ‌နင်အာ ဟာ သူရဲ့ နှလုံးသားထဲမှာ ချိုမြိန်နေသလို ခံစားခဲ့ရပေမယ့် သူရဲ့ မျက်နှာကတော့ ရှက်စိတ်နဲ့ ပူနေခဲ့သည်။

ရှောင်ပေါ်ဟန်က  သူ့မားက သူ့ကို သွန်သင်ဆုံးမသည်ကို ကြားလိုက်ရ၍ ရှက်နေမိ၏။

ရှောင်ပေါ်ဟန် ကိုယ်တိုင်က ‌နင်အာ ထက် ရုပ်ရည်တွင်လည်း ပိုချောသည်ပင်။

   ‌နင်အာ ပြောလိုက်သောအခါ သူနားလည်သွားသည်။ သူက မျက်ခုံးပင့်ကာ ပါးစပ်ထောင့်ကို မြှောက်လိုက်ပြီး "မင်းတို့ စကားပြောတာကို ငါ ဘယ်တုန်းက ခိုးနားထောင်ခဲ့လို့လဲ"

‌နင်အာ က သူ့ကို အံ့သြစွာ ကြည့်ပြီး " မဟုတ်ဘူးလား"

ရှောင်ပေါ်ဟန် က "ငါ သော့ယူဖို့ အချိန်မရလိုက်ဘူး။ တံခါးဖွင့်လိုက်တော့ မင်းတို့အိမ်ထဲက လှုပ်ရှားသံတွေ ကြားလိုက်ရတယ်။ မင်းအမေက အသံကျယ်ကျယ်နဲ့ ပြောလို့ ငါမကြားချင်တောင် ကြားနေရတာ။ အဲ့တော့ ငါက ပေါ်တင် နားထောင်နေတာမဟုတ်လား။"

A LITTLE LOVE SONG {Complete} Where stories live. Discover now