"အေးလေမင်းကလဲ ငါတို့နဲ့တစ်ခါတလေလေးမုန့်ထွက်စားတာဘာဖြစ်လဲ...ကြောက်နေတယ်..."
"မဟုတ်ဘူး စွမ်းရ...ငါပြန်တော့မယ်...သွားပြီ...."
"ဟဲ့..နေဦးလေ..."
ရတု ရှင်းသန့်တို့ပြောတာကိုပင် ပြန်မပြောဖြစ်တော့ဘဲ သုတ်ချေတင်ပြန်လာခဲ့တော့သည်။ အကို့အကြောင်းကို သူအသိဆုံးဖြစ်သည်။ အချိန်ကလည်း၄နာရီကျော်နေပြီမို့ အိမ်မပြန်လျှင် စိတ်ပူနေလိမ့်မည်။
$$$$$$
ညနေ "၄:၅၀"***
မော်ကွန်း လက်ထဲကအရက်ခွက်ကိုစိုက်ကြည့်နေမိသည်။
"ဘာလို့လဲ"မေးခွန်းများစွာက ခေါင်းထဲကိုတစ်ရှိန်ထိုးဝင်နေတော့သည်။
"ဟို... ဘယ်အချိန်ကရောက်တာလဲ အကို....ကျွန်တော်ပြန်ရောက်ပါပြီ..."
ရတု အကို့မျက်နှာထက်က မဲ့ပြုံးကို လှမ်းမြင်လိုက်ရသည်။
စားပွဲပေါ်ကြည့်တော့လည်း အရက်ပုလင်းများကိုတွေ့သည်။ အကိုမူးနေပြီလားတော့မသိပေမယ့် ရတု ခြေဖျားများပင်အေးလာတော့သည်။
"မင်း....ဘာလုပ်ထားလဲကိုယ့်ကိုယ်ကိုယ်သိတယ်နော်....."
"ကျွန်တော် ဖုန်းအားကုန်သွားတာ ...သူငယ်ချင်း..."
"တော်တော့...."
အကို့မျက်လုံးများကနီရဲနေတော့သည်။ လက်ထဲက လက်ကျန်အရက်ကို အကိုကမော့သောက်လိုက်ပြီး သူ့ဆီ လျှောက်လာတော့သည်။
"လာ....လိုက်ခဲ့..."
အကြမ်းအရမ်းဆွဲခေါ်သွားတဲ့နောက်မှာ ရတု ရုန်းရင်းဆန်ခက်ဖြင့် ပါသွားလေသည်။
"နာတယ်...ဖယ်..."
အခန်းတံခါးကို အတင်းဖွင့်ပြီး ရတုကို ကုတင်ပေါ် တွန်းပစ်လိုက်သည်။
"အဲ့ခြေများနေတဲ့ ခြေထောက်ငါနဲ့တွေ့မယ်....မင်း...."
ဒေါသရိပ်များဖုံးလွှမ်းနေသော အကို့ပုံစံက ဘားကိုမှ မမြင်တော့သည့်နှယ်။ ကျားရိုင်းတစ်ကောင်လိုပင်။
"ဘာ ...ဘာလုပ်တာလဲ...ကျွန်တော်သူငယ်ချင်းတွေနဲ့ မုန့်စားနေတာ
....""ထပ်မပြောနဲ့....မင်းငါ့ကိုမပြောသွားဘူးလေ...မင်းအပြစ်မင်းသိ..."
ထို့နောက် ရတုေခြထောက်အား သံကြိုးဖြင့် ခတ်လိုက်တော့သည်။
နောက်ဆုံး အခန်းထဲ၌ ရတုတစ်ယောက်တည်းသာကျန်ရစ်ခဲ့သည်။ အခန်းသော့ပိတ်သွားတဲ့အကို့ခြေသံကိုတော့ ထပ်မကြားရတော့ချေ။
မျက်ရည်များဝဲတက်လာတော့သည်။ သူဘာများလုပ်မိလို့ အကိုက ထိုသို့ပြုမူရသနည်း။.....
မျက်ရည်များတဖြည်းဖြည်းပြိုဆင်းလာတော့သည်။ အခန်းထဲ၌ တစ်ယောက်တည်း မေးခွန်းပေါင်းများစွာနှင် ကျန်ခဲ့ရလေေတာ့သည်။
37(part 1)
Start from the beginning