Part.2

24K 416 2
                                        

Unicode

မိုးမခခိုင်တဲ့...

သူမကနေသွေးရဲ့သူငယ်ချင်းဖြစ်သလိုသစ်ရွက်အားကျရသောမိန်းကလေးလည်းဖြစ်သည်။

သူမကသစ်ရွက်တို့နဲ့တစ်ရပ်ကွက်တည်းသားချင်းဖြစ်ပြီးနေသွေးနဲ့အတူတူinternational schoolတက်နေသူလည်းဖြစ်၏။

ကျောင်းပိတ်ရက်တိုင်းနေသွေးဆီအလည်လာပြီးစာလုပ်တတ်တဲ့သူမကအခုလည်းနေသွေးဆီသို့စာအုပ်တွေတစ်ပွေ့တစ်ပိုက်နဲ့ရောက်လာပြီပင်။

မိုးမခခိုင်ကအသားလေးကဖြူစွတ်ပြီးရုပ်လေးကလည်းလှ၏။

သို့သော်...

''ဟဲ့ ဟိုအ'အ'မ လာစမ်းဒီကို''

သစ်ရွက်ခြံထဲဆင်းကာစာကြည့်မလို့ပြင်နေတုန်းနေသွေးကလှမ်းခေါ်တာကြောင့်သူမခပ်ကုပ်ကုပ်ဖြင့်ဧည့်ခန်းထဲသို့ဝင်ခဲ့လိုက်သည်။

''ငါနဲ့မခအတွက်အအေးနဲ့မုန့်တွေသွားယူလာခဲ့''

သစ်ရွက်ခေါင်းညိတ်ပြပြီးနေရာမှပြန်ထွက်လာခဲ့လိုက်သည်။

နောက်ပါးဆီမှ

''အဲ့အ'အ'မကအမြဲမထုံတထေးနဲ့ မုန်းစရာကြီး''

ဆိုတဲ့မိုးမခခိုင်ရဲ့စကားကိုသစ်ရွက်ကြားဖြစ်အောင်ကြားလိုက်ပါ၏။
ဒါပေမယ့်အဲဒါကိုလိုက်ခံစားနေလို့မဖြစ်ဘူးလေ။
တော်ကြာမုန့်ယူတာကြာနေရင်နေသွေးကမာန်မဲနေဦးမှာ။

သစ်ရွက်မီးဖိုခန်းထဲဝင်ခဲ့ပြီးရေခဲသေတ္တာထဲကအအေးပုလင်းကိုယူကာသူတို့နှစ်ယောက်အတွက်ခပ်သွက်သွက်ဖျော်ပေးလိုက်ပြီးအိမ်မှာရှိသမျှမုန့်တွေနဲ့အသီးတွေကိုလည်းပန်းကန်တစ်ချပ်စီထဲခွဲထည့်ပြီးနေသွေးတို့ထံယူလာခဲ့လိုက်၏။

သူတို့နားရောက်ခါနီးမှာပဲသစ်ရွက်ကိုယ့်စကပ်စကိုပြန်နင်းမိပြီးခလုတ်တိုက်ပါအအေးတွေရောမုန့်တွေကပါသူတို့စာအုပ်ပေါ်ရောကြမ်းပေါ်မှာထိုင်နေတဲ့သူတို့ပေါ်ကိုပါမှောက်ကျကုန်တော့သည်။

''ဟင်''

''ဟာ''

''သစ်ရွက်စိမ်း!!''

''ဖြန်း''

နေသွေးဒေါသတကြီးအော်နေတုန်းမှာပဲမိုးမခခိုင်ကကြမ်းပြင်မှာလဲကျနေသောသစ်ရွက်ရဲ့ပါးကိုအားနဲ့လွှဲရို.က်တာကြောင့်သစ်ရွက်မှာခေါင်းတစ်ခုခုလုံးချာချာလည်သွားရပြီးအမြင်တွေပါဝေဝါးသွားရလေတော့၏။

I don't love you[completed]Where stories live. Discover now