"ကိုယ်ကလိင်တူစိတ်ဝင်စားသူမို့ပါ~"
"အာ..မမုန်းပါဘူး~"
"တော်သေးတာပေါ့ ကိုယ်ကစိုးရိမ်နေတာ~"
စကားပြောနေတာကိုမရပ်တဲ့အပြင်
သူ့နဲ့လိုက်နေတာကိုလဲမရပ်သွားတဲ့သူစိမ်းတစ်ယောက်က
သူ့ရဲ့ခါးကိုပါကိုင်လာတာမို့ဂျောင်ကုမကြိုက်တော့~
"အားနာဘေမဲ့ ကျွန်တော်ကသူစိမ်းတွေနဲ့
အသားချင်းထိရတာကိုမကြိုက်ဘူးဗျ~"
"သူစိမ်းတွေတဲ့လား ကိုယ်တို့ကအခုခင်နေကြပြီမဟုတ်လား ဘာလဲ မာနကြီးတာလား~"
"မဟုတ်..........
"ကလေး ဘာလို့နောက်ကျနေတာလဲ~"
"ဟင်?"
ဂျောင်ကုအခက်တွေ့နေချိန်မှာထယ်ယောင်းကရောက်လာပြီး
လက်ကနေဆွဲကာ စကားလုံးအဆန်းတွေပြောလိုက်တော့
ဂျောင်ကုမှာအူကြောက်ကြောင်~
"ကိုကိုက ကလေးကိုစောင့်နေတာ ဒါနဲ့သူကဘယ်သူလဲ~"
"ဟင်..အာ..ကွန်ပြူတာနည်းပညာမေဂျာကတဲ့~"
"ဘယ်ကတည်းကသိတဲ့လူလဲ~"
"ခနကမှသိတာ~"
"ဒါဆိုသူစိမ်းပေါ့ မသိတဲ့သူနဲ့စကားမပြောဖို့မှာထားတာကို စကားနားမထောင်ဘူး~"
ထယ်ယောင်းရဲ့စကားတွေကြောင့်ဂျောင်ကုက
ရှက်သွေးလေးတွေဖြာနေပြီး ခနကဂျောင်ကုကိုနှောက်ယှက်နေသူကတော့ လာရာလမ်းအတိုင်းထွက်သွားလေပြီ~
"စီ..စီနီယာထယ်ယောင်း~"
"တွေ့ကရာလူနဲ့မရောနဲ့လေ မင်းလိုဖြူဖြူနုနုကောင်လေးတွေကို ခနကလိုကောင်တွေက စားဖို့အမြဲချောင်းနေတာ
ကိုယ်တာရောက်မလာရင် ဘယ်လောက်ထိအသားယူခံနေရမလဲ~"
"ကူညီပေးလို့ကျေးဇူးတင်ပါတယ်စီနီယာ~"
"မလိုပါဘူး ရှေ့လျှောက်ကိုယ့်ကိုယ်ကိုယ်ကရုစိုက်~"
"ဟုတ်ကဲ့~"
ဂျောင်ကုကထယ်ယောင်းအပေါ်စိတ်မရောက်ဖို့ကြိုးစားလေလေ ထယ်ယောင်းကရင်ခုန်လုပ်လေလေလိုဖြစ်နေတာမို့
ဂျောင်ကုမှာကိုယ့်စိတ်ကိုယ်ထိန်းရတာမလွယ်လှ~
KAMU SEDANG MEMBACA
~~Mask~~{Complete}
💜2💜
Mulai dari awal