............................
နံနက်ခင်း အချိန်မှစ၍
ဒေါ်နန်သင်းဇာတစ်ယောက်
မိတုတ်နှင့်အတူ မီးဖိုချောင်ထဲ၌
အလုပ်စရှုပ်လေပြီ။
အပြင်အလုပ်ဟူ၍ ဘာတစ်ခုမျှ
မရှိသည့်အလျောက်
အိမ်တော်ထိန်းတစ်ယောက်လို အိမ်၏
ဝေယျာဝစ္စ အဝဝမှန်သမျှကို
ဒေါ်နန်သင်းဇာမှ စီမံဆောင်ရွက်ပေးရသည်။
တူ,တူမအတွက် နံနက်စာကိုပင်
ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေးရသည်မှာ
ဟိုးအစစကတည်းကပင်ဖြစ်သည်။မိတုတ်ဆိုတဲ့ ကနဲမလးက
ကိုယ်မပါရင် တလွဲတချော် လုပ်တက်လွန်းလို့
ဘယ်နေရာဖြစ်ဖြစ် ကိုယ်ပါမှ
အဆင်ပြေလေတာ။ အခုလည်း
စျေးသွားမလို့ကို သနပ်ခါးလူးတာ မပြီးနိုင်သေး။"မိတုတ်! ဒီနေ့ အဲ့သနပ်ခါးလူးလို့
ပြီးပါ့ဦးမလား။ တကတဲမှပဲ
အိမ်အကူခေါ်ထားတာလား
မင်းသမီးခေါ်ထားတာလားတောင်
မသဲကွဲတော့ဘူး။ စျေးကွဲသွားရင်
နင်နဲ့ငါတွေ့မယ်!!"နံနက်စာပြင်ရင်း ပွစိပွစိပြောနေသော
ဒေါ်နန်သင်းဇာ၏ ခပ်စွာစွာအသံသည်
နံနက်ခင်းတိုင်း အိမ်ကြီးထဲ၌ ကြားနေရမြဲ
ဆူပူသံ ဖြစ်သည်။ ရိုးရိုးရှင်းရှင်း
အပြင်အဆင်ဖြင့် သေသပ်လှပစွာ
ဆောက်လုပ်ထားသည့် ဤအိမ်ကြီးထဲတွင်
တူအရီးသုံးယောက်နှင့်အတူ
အိမ်အကူ မိတုတ်အပါအဝင်
လူလေးယောက်ခန့်မျှသာ လက်ရှိ
နေထိုင်လျက်ရှိသည်။ လူလေးယောက်ဆိုပေမဲ့
တိမ်ယံနှင့် တိမ်တိုက်က အိမ်မှာသိပ်မရှိလိုပေ။
အိမ်ကြီးထဲမှာ ဒေါ်နန်သင်းဇာနှင့်
မိတုတ်သာ ပုံမှန်ရှိသည်။
နှစ်ယောက်တည်းရှိလည်း
အိမ်ကြီးထဲမှာ တစ်နေ့တစ်မျိုးမရိုးအောင်ကို
ဒေါ်နန်သင်းဇာနှင့် မိတုတ်တို့၏
ပြဿနာပေါင်း သောင်းခြောက်ထောင်က
မိုးစင်စင်လင်းသည်နှင့် အစပျိုးလေ့ရှိသည်။"ဟဲ့ မိတုတ် မပြီးသေးဘူးလား!။
အမြဲပြောတယ် စောစောထပါ
စောစောထပါလို့ အခုကြည့်၊ အခုမှ
ပြင်တုန်းဆင်တုန်း။ငါ နင့်ကို ဘယ်လောက် ဆုံးမ,ဆုံးမ လုံးဝနားမဝင်ဘူး""အဲ့ဒါပဲကြည့်တော့ ကြီးမေ။
မိတုတ်တောင် ကြီးမေ စကား
နာမထောင်းတာ တိုက်ကျ ပိုဝေးပေါ့"

YOU ARE READING
I Hate You
FantasyWarning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။