အပိုင်း ( ၁ )

596 32 8
                                        

[ Uni ]

မောင်~

မောင်ဆိုတဲ့ နာမ်စားလေးကို မောင့် ရွှေအိုရောင်မျက်ဝန်းတွေထဲ စေ့စိုက်ကြည့်လို့ ခေါ်တဲ့အခါ မောင့်ရဲ့ ပါးချိုင့်လေးထဲ ကိုယ့်နှလုံးသား ကျပျောက်ခဲ့တာပေါ့။

မောင်~

စီးကရက်ခဲထားတဲ့ မောင့်နှုတ်ခမ်းဖူးဖူးလေး ငေးကြည့်နေတာ ကိုယ်မဟုတ်ခဲ့ဘူးဆိုရင် ... အဲဒီစိတ်နဲ့ ကိုယ်သေလိုက်မယ်။

မောင်~

မောင့်ခါးပေါ်က ပန်းဆီရောင်သန်းတဲ့ လက်သွယ်သွယ်တွေ မနာလိုမိတဲ့အခါ မောင့်ရင်ခွင်ကျယ်တွေထဲ ခဏခိုနားနိုင်ခဲ့တဲ့ ကိုယ် သိပ်ကံကောင်းတယ်မလား။

မောင်~

သိပ်မြတ်နိုးရတဲ့ မောင့်ကိုမြင်နေရပေမဲ့ မောင့်ဘေးက မိန်းကလေးတစ်ယောက်ကို မသိချင်ယောင်ဆောင်နေရတာကလဲ အကြီးဆုံး ဝဋ်ကြွေးနဲ့ ခံပျင်းစရာကောင်းမှု့တွေပါပဲ။

မောင်~

မျက်ဝန်းတွေမှိတ်ပြီး ဝီစကီတစ်ခွက်ကို အရသာခံနေတဲ့ မောင့်ရဲ့ ပုံရိပ်တွေကလဲ ဝဋ်ကြွေးမကျေသ၍ သတိရချင်နေတဲ့ ပုံတူရေးပန်းချီကားချပ် တစ်ခုလိုမျိုးပေါ့။

တကယ်ဆို မောင့် ရွှေအိုရောင်မျက်ဝန်းတွေထဲ ကျဆုံးခဲ့တဲ့ ကိုယ်ကသာ အပြစ်ကြီးသူတစ်ယောက်ပါ။

မောင်~

~~~~~~~~~~~~~~~~~~

' ခွမ်း! ဂလုန်း! ဂလွမ်း! '

မျိုးစုံကြားနေရတဲ့ အသံတွေက နားတော့မခံသာ။ ဟင်းပန်းကန်တွေ စိတ်တိုင်းကျနှက်ခွဲနေတဲ့ ကောင်လေးကို မည်သူက ဘာမှမပြောရဲကြသလို ပြောလဲပြောချင်မည်မဟုတ်။

" တောက်စ်! ငါ မီယော့ဂု မကြိုက်ဘူးလို့ ပြောထားတာ မင်းတို့နားတွေ မပါဘူးလား!"

' ခွမ်း! '

အသံနှင့်အညီ ကြမ်းပြင်ပေါ်ပြန့်ကျဲသွားတဲ့ ရေညှိဟင်းရည်နှင့် ရောယှက်နေသည့် ဖန်ကွဲစအချို့။ အဲဒီထဲ ကိုယ့်ရဲ့ နှလုံးသားပါ ပါသွားတယ် မောင်။

" မီယော့ဂု ကို ဘာလို့ ချက်တာလဲ! ဟမ်! မင်းတို့ကို ငါမေး‌နေတယ်မလား! ''

မုန်းခွင့် မရှိတဲ့ " မောင် "Where stories live. Discover now