part{7}

29 5 0
                                        

မိုးစက်တွေရွာနေလိုက်တာ ခုမှ စဲ မလိုရှိတုန်း။ မိုးဖွဲလေးတွေ ရွာသွန်းဆဲရှိသော အချိန်မှာထီးလည်းပါမလာခဲ့ဘဲ ကျွန်တော် ဒီတိုင်းပဲ ပန်းချီ ပြခန်းထဲမှ ထွက်လာခဲ့သည်။

ကျွန်တော် အရင်လိုပဲ အချစ်တွေ မနိုင်မနင်းနဲ့ သယ်ပိုးပြီး ဒီနေရာလေးကနေ ထွက်လာခဲ့သည်။ ကားတံခါးကို ရီမု ကွန်ထရိုးနဲ့ လှမ်းဖွင့်ထားပေမယ့် ကားထဲမဝင်ဖြစ်သေးဘဲ..ပြခန်းရှိရာ အဆောက်အဦးဆီ လှည့်ငေးမိနေတာ အခါခါ။

သတိရစိတ်တွေ ပြည့်ကြပ်နေတာဟာ သူ့ကို လွမ်းမိလို့လား။ လွမ်းတယ်ဆိုတာ အသေးစားအသည်းကွဲခြင်းလို့ ပြောရင် ရော ရမလား။ကျွန်တော် ချစ်ခဲ့ဖူးတာလား။ ချစ်မိနေတာလား။ သေချာတာက ချူး မရှိတော့တဲ့ နှစ်များစွာ ထဲမှာ နွေ မိုးဆောင်း ရာသီ အလီလီတိုင်းမှာ ကျွန်တော့်ရင်ထဲ ရွက်ဝါတွေ တဖွဲဖွဲကြွေနေခဲ့ရတယ်။

ကျွန်တော့် အတွက် အချစ်ဆိုတာတမင် ရင်နာရအောင်ဖန်တီးထားတဲ့ ပြဇာတ်တစ်ပုဒ်ရဲ့တေးသွားလိုမျိုး...။တွေ့မိမြင်မိတဲ့ အရာရာတိုင်းသည် ခါးခါးသီးသီး နာနာကျင်ကျင်တွေနှင့်..။

နောင်ဘယ်ကာလထိလဲ..။

ဘယ်နှစ်တွေထိ ဝေးလွင့်နေကြရမှာလဲ...။နီးစပ်ကြဖို့ရော ဖြစ်နိုင်ကြရဲ့လား..။ဆုံတွေ့ခွင့်တွေရှိကြမှာလား..။ဒီလိုမျှော်လင့်ချက်တွေနဲ့ ဆက်လျှောက်ရမယ့် လမ်းမှာ အချစ်သည် ဘယ်သောအခါရောက်မှ ပွင့်လန်းလာမယ့်ပန်းတစ်ပွင့်လဲ...။

ချူး ရေ ... ငါယုံကြည်ချင်သေးတယ်။ မင်းရင်ထဲမှာ အခုထိ အချစ်တွေ ရှိတုန်းပဲ မဟုတ်ဘူးလား...။

စိတ်ထဲကစကားသံတွေ ဘယ်တော့မှ ဖွင့်ချခွင့်ရမှန်းမသိဘဲ..ကျွန်တော် ကားထဲဝင်ထိုင်လိုက်သည်။ ကားစက်နှိုးပြီး ဒီတစ်ခါ တကယ် စွန့်ခွါတော့မည့် ဆုံးဖြတ်ချက်တွေနှင့် မောင်းထွက်မည့်ဆဲဆဲ...။

ကားမှန်တံခါးကို ဘေးကနေ လာပုတ်လိုက်သည့်အသံကြောင့် ကျွန်တော် အထဲကနေတစ်ချက် စောင်ကြည့်မိသည်။ လူတစ်ယောက်ရဲ့ အလယ်ပိုင်းကို မြင်မိကာ ရှပ်လက်ရှည်အဖြူ ကို ဘောင်းဘီရှည်အပြာရင့်ရင့်နဲ့ တွဲဝတ်ထားမှန်း သတိပြုမိ၏။ကြည့်လဲ့နေသော အဖြူရောင် ထီးလေးကိုဆောင်းထားကာ ထီးရွက်က ထိုသူမျက်နှာကို ကွယ်ထားပေမယ့် ကျွန်တော် သေချာမြင်လိုက်သည်။သည်နှုတ်ခမ်းလေးတွေ။သည်မေး ချွန်ချွန်လေးတွေနဲ့ နှာတံစင်းစင်း လေးဆီရောက်ပြီးမှ မျက်ဝန်းတွေဆီမှာပင် ရပ်တန့်သွားခဲ့သော ကျွန်တော့်အကြည့်တွေ..။ အတိတ်ရဲ့အဖုံဖုံ သေဆုံးခြင်းတွေ..သည်နေ့ တစ်ဖန်ပြန်လည်ရှင်သန်လာခြင်းလိုမျိုးကြီး ခဏလေးနဲ့ ခံစားဖြစ်တည်သွားခဲ့သည်။မထင်ထားပေမယ့် ရင်ထဲ ထိ ဒိုင်းခနဲ မြည်သွားအောင် ခုတ်မောင်းသွားသော ဝေဒနာသည် နာပေမယ့် ခံလို့ကောင်းသည်။ ကားမှန်တံခါးကို ချလိုက်တော့ ချူး က ခါးကိုင်းလျက်အနေအထားနဲ့...

အဆွေးရောင်ရှင်းတမ်းTempat di mana cerita hidup. Terokai sekarang