အခန်း (၁၀)

Start from the beginning
                                    

"လူကြီးကဖြင့် ကြီးနေပြီ ကလေးလို ငိုနေတုန်းလား မရှက်ဘူးလား.."

မေမေသော်တာနဲ့ မေမေမိုယာက အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြသော်လည်း အကျင့်စရိုက်တွေ မတူညီပါ။ မေမေသော်တာက နူးညံ့သိမ်မွေ့သလောက် မေမေမိုယာက မဟုတ်မခံ စိတ်ရှိပြီး ထက်မြက်သည်။

မှော်ပညာကျွမ်းကျင်မှုခြင်း နှိုင်းယှဉ်လျှင် အတူတူ ဖြစ်နိုင်သော်လည်း မေမေသော်တာက ရက်စက်သော ကျိန်စာများကို မသုံးတတ်သူ ဖြစ်သည်။ ဒါလေး သုံးတတ်သည့် နှလုံးညစ်ကျိန်စာတောင် မေမေသော်တာက တစ်ခါမျှ မသုံးဖူးဟု ဆိုသည်။ မေမေမိုယာကတော့ ထိုသို့ မဟုတ်ပဲ မှော်လောက အစောင့်ရှောက်များအား မထီမဲ့မြင်ပြုလျှင်ပင် ခွင့်မလွှတ်ပဲ.. ဂရစ်ဒစ်.. ကျိန်စာဖြင့် ဆုံးမလေ့ ရှိသည်။

"မေမေတို့က ဒီကို ဘယ်လို ရောက်နေတာလဲ.."

"ငါတို့က သမန်းဝံပုလွေ ဒေသကနေ ပြန်လာတာ မင်းက.. ဒီမှင်စာဒေသမှာ ရောက်နေတယ် ဆိုလို့.. ခဏ ဝင်လာတာပါ.."

"သမန်းဝံပုလွေ ဒေသ ဟုတ်လား.."

ဒါလေး နားမလည်သလို မေးလိုက်တော့ မေမေသော်တာက.. ဒါလေးကို ပြုံးပြလိုက်သေးလျက်..

"ဟုတ်တယ် အဲ့ဒီဒေသမှာ မှောင်ကောင်စီရဲ့ အကူညီတောင်းခံမှုကြောင့် မှော်လောက အစောင့်အရှောက်တွေ လွတ်ထားတယ် အဲ့ဒီဒေသက နယ်မြေကို သွားပြီး.. နေရာချထားပြီးမှ ပြန်လာတာ.."

"သူတို့ အဆင်ပြေကြပြီလား.."

ဘယ်လိုပဲ ဖြစ်ဖြစ်.. သမန်းဝံပုလွေတွေကို မကျေနပ်ဘူး ဆိုရင်တောင် သူတို့ကို အန္တာရယ်တော့ မကျရောက်စေလိုပေ။ ထို့ကြောင့် မေးလိုက်တာကလည်း စိတ်ရင်းနဲ့ပဲ ဖြစ်သည်။ မေမေသော်တာက မျက်လုံးလေး ပင့်လိုက်ပြီးမှ..

"သူတို့ အဆင်ပြေသွားပါပြီ.. သူတို့ ဒေသကို အစောင့်အရှောက်တွေ ချပေးခဲ့တယ်.. မင်းက သူတို့ကို အရမ်းစိတ်ပူနေတာလား.."

ဒါလေး ခေါင်းကို ခါယမ်းလိုက်ပြီးမှ..

"သူတို့ အန္တာရယ် မဖြစ်စေရုံပါ သူတို့ ဘေးကင်းပါစေလို့ထိ မစဉ်းစားမိဘူး.."

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now