အဲ့လိုပြောမှ ကျွန်မကသူ့ကိုပိုပြီးတင်းကျပ်နေအောင်ဖက်ရင်းငိုမိလေရဲ့။

"အာ.......အာ......မငိုနဲ့လေ.....ကလေးရေ.....ပြဿနာပဲကွာ.....ကိုယ်မကြိုက်ဘူးလေ ကလေးရယ်"

"ဟန်နီကြီးအနားမှာပဲနေမယ်"

"အင်းပါ....အင်းပါ......ဟုတ်ပါပြီ ကလေးရယ်။ကိုယ်ဘယ်မှမသွားတော့ဘူးနော်.....ဟုတ်ပြီလား"

"တကယ်ပြောတာလားဟင် ဟန်နီကြီး"

"တကယ်ပါဗျာ....မင်းလေးကိုဘယ်လိုထားခဲ့ရက်နိုင်တော့မလဲ.....ဒီအခြေအနေဖြစ်နေတာကိုလေ....."

သူမက ကျွန်မကိုပွေ့ထားရင်း အလုပ်ကသူ့ရဲ့ဝန်ထမ်းတွေကိုဖုန်းဆက်ညွှန်ကြားနေလေရဲ့။အိမ်အကူတွေကိုလှမ်းခေါ်ရင်း သူ့ပစ္စည်းတွေကို အလုပ်ခန်းထဲသွားပြန်ထားခိုင်းလိုက်တယ်။

"ကဲ.....မင်းရဲ့ဟန်နီကြီးဘယ်မှ မသွားတော့ဘူးနော်။ငိုနေတာ တိတ်တော့ကလေးမ.....တိတ်.....တိတ်....."

ကျွန်မရဲ့မျက်ရည်စတွေကိုကြင်နာစွာသုတ်ပေးနေတဲ့ဟန်နီ့ရဲ့လက်တွေက နူးညံ့ညင်သာလိုက်တာ။ကျွန်မရဲ့နှုတ်ခမ်းလေးကို ခပ်ဟဟဖွင့်ရင်း သူ့နှုတ်ခမ်းတွေကိုကြည့်မိတယ်။

သူက အလိုက်တသိပဲ ကျွန်မရဲ့ခပ်ဟဟပွင့်နေတဲ့နှုတ်ခမ်းတွေကိုနမ်းရှိုက်လာခဲ့တယ်လေ။ကျွန်မလေ သူ့ရဲ့နှုတ်ခမ်းတွေကို မက်မက်မောမောနမ်းနေမိတာ မရပ်တန့်နိုင်ခဲ့ဘူး။

မောပန်းလာတဲ့အထိ နမ်းရှိုက်ပြီးတော့ သူ့နှုတ်ခမ်းတွေကိုလွှတ်ပေးလိုက်မိတယ်။သူက ကျွန်မလုပ်သမျှကိုခံယူနေခဲ့တာ။အနမ်းတွေကိုလည်း ကျွန်မမရပ်မချင်း သူလည်းမရပ်ခဲ့ဘူးလေ။

"ကိုယ့်ကိုနမ်းရတာ မောသွားပြီလား ကလေး"

"အွန်း...."

"အမောပြေအောင် ကိုယ့်ကလေးကိုရေခဲမုန့်ကျွေးမယ်"

"တကယ်လား ဟန်နီ"

"တကယ်ပေါ့ဗျာ။လာခဲ့....ကိုယ်တို့အပြင်မှာ ရေခဲမုန့်သွားစားကြရအောင်"

"သွားမယ်.....သွားမယ်.....ပျော်စရာကြီးဟန်နီရာ"

"အခုကျတော့ ရီနေပြန်ပြီ။ငိုလိုက်....ရီလိုက်နဲ့.....အရူးမလေး"

"အဲ့တော့ဘာဖြစ်လဲ ဟန်နီကြီး"

"ဘာဖြစ်လဲဆိုတော့......အမ်း.....ကိုယ်လည်း သိပ်ချစ်ရလွန်းလို့မင်းနဲ့အတူတူရူးသွပ်နေပါပြီလို့......"

"ရီရတယ်....ရှင်ကြီးက....."

ကျွန်မကသဘောကျစွာရယ်မောလျှက်ကားသော့ကိုကောက်ယူလိုက်တယ်။သူက ကျွန်မလက်ထဲက ကားသော့ကိုပြန်လုလိုက်တယ်။

"ဟေ့.....ဟေ့..... ကလေးမ.....ကားမမောင်းရဘူးနော်။ကိုယ့်ကလေးကို စိတ်မချဘူး။ကိုယ်ပဲမောင်းမယ်"

"ဟာကွာ.....ဟန်နီကြီးကလည်း......"

"တိတ်စမ်း......ရိုက်လိုက်ရ...."

"ဘာ.....ရှင်က ရိုက်မယ်......ဟုတ်လား"

ကျွန်မရဲ့မျက်နှာလေး ငိုမဲ့မဲ့ဖြစ်သွားတော့ သူကချက်ချင်းပဲပွေ့ဖက်ပြီးနမ်းရှိုက်ပစ်လိုက်တယ်လေ။

"ကိုယ့်မိန်းမကို ရိုက်ရက်စရာလားကွာ။ရိုက်မယ်ဆိုရင်တောင် ‌ဟောဒီလို.....ဟောဒီလို.....နှုတ်ခမ်းလေးနဲ့ရိုက်မှာဗျာ"

"အာ.....ရှင်ကြီး..... လူလည်မကြီး...."

သူမကိုတွန်းဖယ်ပြီး ကျွန်မထွက်ပြေးမိတာပေါ့။သူမကကျွန်မကိုလိုက်ဖမ်းရင်းပွေ့ယူပစ်လိုက်တယ်လေ။

"မိပြီ...ကလေးမ။သွားမယ်....ရေခဲမုန့်ဆိုင်ကို...."

"ဟုတ်...."

"ဒီကလေး အရမ်းဆော့တာပဲ"

"ဟန်နီက ကလေးလိုထားပြီးအလိုလိုက်ထားလို့လေ"

အဲ့ဒီအခိုက်မှာ ကျွန်မကိုကြည်နူးစွာကြည့်ရင်း ဟန်နီကြီးရဲ့ကျေနပ်နေတဲ့ပုံလေးက သိပ်ချစ်ဖို့ကောင်းလွန်းတာမို့ သူ့ကိုချစ်တဲ့စိတ်တွေနဲ့ကျွန်မရူးရပြန်ပြီကွယ်။

Avery Yint Han
(Fri,9:29)

To My Girlfriend💛Where stories live. Discover now