part-1

3.9K 75 5
                                    

အချစ်မှာ မျက်စိမပါဘူးတဲ့...မှန်ပါ့ဗျာ
မြင်မြင်ချင်းအချစ်ကို သူ့နဲ့မှ ကျွန်တော် ယုံသည်..။
သူ့အပြုံးက နက်ရှိုင်းလွန်းတာကြောင့် နတ်သားတောင်အရှုံးပေးရလောက်မည်ထင်သည်။ချစ်သည် အသက်ထက်တစ်မျှချစ်သည်။အဝေးကပဲဖြစ်နေ အနီးပါပဲ ဖြစ်စေ မြင်နေရရင်ကို ကျင်နပ်ပါသည်။အကယ်၍ သူမိန်းမယူခဲရင်တောင် ကိုယ်က မဂ်လာဆောင်မှာ သတို့သားအရံလုပ်ပေးမယ်ဗျာ။မပိုင်ဆိုင်ရရင်တောင် အဝေးကပဲ ချစ်ပါရစေ...ကျေးဇူးပြုပြီး ချစ်ခွင့်ကိုတော့ မပိတ်ပါနှင့်။

ပုံ ရောင်စဥ်

'သက်တံရောင်စဥ် ဟျောင့် '

'ဘာတုံး ငလု့'

'ဘာတွေတွေးနေတာလဲ မလှုပ်မယပ် ငါက ထိုင်နေရင်း နတ်ပြည်ရောက်သွားပြီ ထင်နေတာ'

'ဘယ်ကသာ ငါတွေးနေတာ'

'အမယ် ဘာလဲချစ်မိနေပြီလား ေကာင်မလေးကချောလား ရောင်စဥ် ငါ့ကောင်'

'မင်းမေကြီးတော် ငါကgayလေ သိရဲ့သားနဲ့'

'ဟုသား ငါမေ့သွားလို့ ထားပါ မင်းနက်နက်ရှိုင်းတွေးနေတယ်ဆိုတော့ သူကချောလို့လား'

'ဟင့်အင်း ချစ်စရာကောင်းတာ'

'ဘာရယ် မင်းက Tလား'

'ပေါက်ကရပြောပြီ ဒီငလု့ကတော့'

'စတာပါကွာ ဆိုစမ်းပါ မင်းရဲ့ ချစ်စရာကောင်းတဲ့ ဘဲ ကြ​ီးအကြောင်း'

'သူက ပြုံးရင် ပါးချိုင့်အနက်ကြီးတွေရှိတယ် ပြီးတော့
ညာဘက်မျက်စပ်နားမှာ ဒဏ်ရာတစ်ခုတော့ရှိတယ် သူ့ရဲ့ကြီးမားတဲ့လက်ကြီးတွေနဲ့ဆေးလိပ့်ကို ထိုင်သောက်နေတယ် ကြည့်ရတာ ချမ်းသာမဲ့ပုံပါပဲကွာ ငါလိုအဆောင်ငှားနေရတဲ့သူနဲ့မတန်ပါဘူး'

'ဟာ မင်းကလဲ ငါပြောပြမယ် လူတစ်ယောက်က ချစ်ခွင့်ရှိတယ် လွမ်းခွင့်ရှိတယ် မင်းအဆင့်အတန်းခွဲနေလို့မရဘူး ကိုသီနဲ့မဟေဆို ဘယ်လိုလုပ်မလဲ မဟေက လမ်းဘေးမှာတောင်းစားနေတဲ့ကောင်မလေး ကိုသီက Top 10ဝင်အချမ်းသာဆုံးသငှေးသားလေ သူတို့ဘယ်လိုကိစ္စပဲရှိရှိအမြဲအတူရှိသွားတာပဲလေ မဟုတ်ဘူးလား'

My 18+ person Where stories live. Discover now