''ဘာကွ!''

မိုးသားကသူ့ကိုစိတ်တိုခွင့်ပင်မပေးတော့ပဲသူ့ရှေ့ကထွက်သွားတာကြောင့်သူမိုးသားနောက်ကနေလိုက်သွားကာ

''မိုးသားချို မင်းရပ်စမ်း''

''......''

''ငါခေါ်နေတာမကြားဘူးလား''

''......''

''မိုးသားချို!''

တိမ်ယံသူမကိုအမီလိုက်ပြီးသူမရှေ့ကျော်တက်ကာ

''မင်းနားလေး​နေလား''

မိုးသားသူမရှေ့ပိတ်ရပ်နေသောကိုကို့အားမကျေမနပ်ကြည့်ကာ

''ဖယ်နော်''

''အောင်မာ လေသံကိုက မင်းကဘာလဲ အားကိုးရှိလို့ငါ့ကိုခုလိုကလန်ကဆန်ပြန်လုပ်နေတာလား''

''ဘာတွေလာပြောနေတာလဲ ဖယ်စမ်းပါ''

မိုးသားကိုကို့အားတွန်းဖယ်လိုက်ပေမယ့်ကိုကိုကနေရာကနေရွေ့မသွားပဲနှစ်ယောက်သားလှေကားထိပ်မှာပဲတစ်နေကြလေ၏။

''မင်းကိုငါကြည့်နေတာကြာပြီနော်မိုးသားချို မင်းတစ်နေ့တစ်ခြားအချိုးတွေပြောင်းပြောင်းလာတာ''

''အဲဒါကိုကိုလုပ်တာပဲလေ မိုးသားခုလိုဖြစ်သွားရတာကိုကို့ကြောင့်ပဲ ကိုကိုမြဲမြဲမှတ်ထားလိုက် ခုရှေ့ကဖယ်''

တိမ်ယံသူ့ရင်ဘတ်ကိုလာတွန်းတဲ့မိုးသားလက်အားဆွဲဖယ်ပြီးပုတ်လိုက်ရာမိုးသားရဲ့ခန္ဓာကိုယ်ကပါနောက်သို့အနည်းငယ်လန်သွားပြီး​ခြေထောက်ကပါချော်ထွက်သွားရလေ၏။

''ဟင်...''

''အားးး''

မိုးသားနောက်ကိုပြုတ်ကျပြီလို့ထင်သွားပေမယ့်ကိုကိုကသူမလက်ကောက်ဝတ်အားဆွဲထားပြီးသူမကိုယ်လေးအားဆွဲဖက်လိုက်လေသည်။

ထိုသို့လုပ်လိုက်မှအခြေအနေကပိုဆိုးသွားရကာနှစ်ယောက်သားဖက်လျက်ဖြင့်လှေကားပေါ်မှဒလိမ့်ကောက်ကွေးပြုတ်ကျတော့သည်။

မိုးသားခန္ဓာကိုယ်ကသူ့တစ်ပွေ့စာပဲရှိတာမို့သူမိုးသားသားခပ်တင်းတင်းဖက်ကာသူမခေါင်းကိုပါထိခိုက်မသွား​အောင်သူ့လက်နဲ့ကာထားပေးလိုက်ပေမယ့်လည်းသူကိုယ်တိုင်ကတော့အတော်လေးအီသွားရလေ၏။

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Donde viven las historias. Descúbrelo ahora