Chapter-1

11.4K 516 3
                                              

မီးရောင်စုံအောက်က သီချင်းသံမြူးမြူးကြားထဲ ကကွက်ပေါင်းစုံကနေကြတဲ့မိန်းကလေး ယောက်ျားလေး အားလုံးကို Changmin ဝေ့ကြည့်လိုက်ရင်းပြုံးမိသည်

သူ့သူငယ်ချင်း သုံးကောင်ကတော့ ကွေးနေအောင်ကနေလေပြီလေမကြာခင် ဘေးနားမှာ မိန်းကလေးတစ်ယောက် သို့မဟုတ်ယောက်ျားလေးတစ်ယောက်စီပါလာပေလိမ့်မည်ပြီးလျှင် သူတို့နှာဘူးစာရင်းထဲ ကိုယ်ပါ ပါလေအောင် မရမကတစ်ယောက်ပိုဆွဲလာပေဦးမည်ကိုယ်ကလဲထုံးစံအတိုငး ခေါင်းတခါခါငြင်းရပေဦးမယ်

သူတို့ပြောလဲပြောချင်စရာပင် Changmin ခုထိ သူ့ကိုယ်သူနားမလည် ဘာကြောင့်များ နှလုံးသားကလှုပ်ခတ်ခြင်းမရှိတာလဲ

အပျော် ? အဲ့လိုမျိုးကြည့်ပါလားဆိုတော့လဲမထားချင်ကျွန်တော့ရုပ်ရည် ကျွန်တော့စည်းစိမ်နဲ့ အချိန်မရွေး ကြိုက်တာကိုရွေးလို့ရနေသည်ဘဲလေဘာကိုများ ကြိုတင်စဉ်းစား ရှာဖွေနေစရာလိုမလဲ ကျွန်တောရှေ့ ဒူးထောက်ကျလာမယ့် သူ...ဆိုတဲ့တစ်စုံတစ်ယောက်ကိုအဆင်သင့်စောင့်နေရုံပါဘဲ....................။

Shin တက္ကသိုလ်ရဲ့ ဒါရိုက်တာ အမှန်တော့ မဖြစ်စလောက်တက္ကသိုလ်ရဲ့ဒါရိုက်တာဆိုတာအမည်ခံသပ်သပ်ရယ်...

နိုင်ငံရဲ့ ၀န်ကြီးချုပ်တစ်ယောက်လဲဖြစ်နေပြန်တဲ့...Shim DongSikရဲ့ တစ်ဦးတည်းသောသား Changminအဖို့ လက်ညှိုးညွှန်ရာ ရေတင်မက ရွှေပါဖြစ်လေမလား..ဖခင်လုပ်သူနဲ့သူငယ်ချင်းလဲဟုတ် လုပ်ဖော်ကိုင်ဖက်သမ္မတLee ကလဲကိုယ်တိုင်သားသမီးမထွန်းကားလေတော့ ငယ်ငယ်ကတည်းကမျက်စိရှေ့ကြီးပြင်းလာတဲ့ Changminလုပ်သမျှ အနောက်ကပြုံးပြုံးကြီးခေါင်းညိတ်နေတတ်သူလေ.။ဒီတော့လဲကိုယ်တော်ချောက သောင်းကျန်းချင်သလိုသောင်းကျန်းနေတော့တာပေါ့သူ့ကားကိုဖြတ်ကျော်တဲ့ကားဆိုအနောက်က၀င်ဆောင့်တယ် ရှေ့တည့်တည့်ဆောင့်တဲ့အခေါက်တွေတောင်ရှိသေး....

ပြီးရင်ပိုက်ဆံထုပ်သာဝဲသွားတတ်သည်မဟုတ် သူ့မျက်နှာပါထုတ်ထုတ်ပြတတ်ပြီး ဘယ်သူဆိုတာကြွေးကြော်တတ်သည်.ဒါကြောင့် Shim Changminရဲ့ကားအနီလေးကိုမြင်ပြီဆိုရင် ကိုယ့်ကားကိုလမ်းဘေးထိုးရပ်ထားတာသာအကောင်းဆုံးလို့ ပြောစမှတ်ဖြစ်လာခဲ့ပြီဒါတောင် သူ့ရွဲ့ပါတယ်ဆိုပြီး ဓာတ်ဆီလောင်းမီးရှို့မယ်လူစားမျိုးလေ....။

ဒုတိယလူWhere stories live. Discover now