ep 1 (Unicode)

78K 1.4K 59
                                    


.................................

ဤကမ္ဘာမြေပေါ်တွင် Alpha၊ Omega၊
Beta ဟူ၍ လိင်အမျိုးအစား (သုံးမျိုး)
ခွဲခြားသတ်မှတ်ထားသည်။
ယခင်ဘိုးဘေးဘီဘင်ခေတ်များမှာ
Omegaယောင်္ကျားလေး များစွာရှိခဲ့ပြီ။
ထိုခေတ်များက Alpha(ယောကျ်ား)၊
Beta(ယောကျ်ား)များသည်
Omegaယောင်္ကျားလေးများအပေါ်
ရိုသေသမှုရှိခဲ့ကြသည်။ ပြီးနောက်
Alpha(ယောကျ်ား)ဖြစ်စေ၊ Beta
(ယောကျ်ား)ဖြစ်စေ Omega ယောကျ်ားလေး
အပေါ် မေတ္တာသက်ဝင်ခဲ့လျှင်
တရားဝင်ပေါင်းသင်းပြီး
ဇနီးအရာထားရှိခဲ့ကြသည်။

လက်ရှိပစ္စုပ္ပန်ခေတ်တွင် Omega
ယောင်္ကျားလေး အလွန်းနည်းပါးလာပြီ။
မြန်မာနိုင်ငံတွင် သုံးပုံပုံ တစ်ပုံမျှသာရှိသည်။
ဤသို့ Omega ယောင်္ကျားလေး
နည်းပါးရခြင်းမှာ Beta မိန်းကလေး
များလာခဲ့ခြင်းကြောင့်ဟု ရှေးရိုးစွဲ
လူကြီသူမများမှ သုံးသပ်ထားကြသည်။
ယခင်ခေတ်များကလို Omega
ယောင်္ကျားလေးများကို လေးစားမည့်သူများ
ဤယနေ့ခေတ်တွင်
မည်သူတစ်ဦးတစ်ယောက်မျှမရှိ‌တော့ချေ။
ယနေ့ခေတ် Alphaလူငယ်များသည်
Omega ယောင်္ကျားလေးဆိုသည်နှင့်
ရှားပါးမျိုးစိတ်တစ်ခုလို သတ်မှတ်ပြီး
ပျော်တော်ဆက်ချင်ကြသည်။
အချို့လူများကလည်း Omega
ယောင်္ကျားလေးများကိုဆို
အားအနည်းဆုံးလူအဖြစ်သတ်မှတ်ပြီး
အနိုင်ကျင့် လှောင်ပြောင်ချင်ကြသည်။
ထို့ကြောင့် Omegaယောင်္ကျားလေးများသည်
မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း
နေရကြသည်။ မဟုတ်လျှင် အမြင်မတူသော
လူတချို့၏ အနိုင်ကျင့်
လှောင်ပြောင်ခြင်းများကို ခံရလိမ့်မည်။ ချွတ်ယွင်းချက်တစ်ခုမှာ ပိုက်ဆံရှိသူ၊
ပညာတက်သူ၊ အာဏာကြီးသူများ မပါပေ။

Omega ယောင်္ကျားလေးကို မွေးထားသည့်
မိဘများသည်လည်း မိမိသား
အရွယ်ရောက်လာသည့်အခါ သဘာဝဇီဝ
ဖြစ်ရပ်များအကြောင်း ရှင်းပြ၊ ပြောပြပြီး
ကြိုတင်သွန်သင်ဆုံးမထားရကြသည်။
ထိုသို့ သွန်သင်ဆုံးမပေးမည့်မိဘမျိုးကို
မိုးတိမ်ယံ အသက်15နှစ်အရွယ်မှာကတည်းက ဆုံးရှုံးခဲ့ရသည်။ Omegaမှန်း သူ့ကိုယ်သူ
စသိချိန်မှာ သိမ်ငယ်စိတ်ဝင်ခဲ့ရသလို၊
ညီမဖြစ်သူကပါ Omega (ယောကျ်ား)ကိုဆို
အရမ်းရွံသည်ဟု သတ်မှတ်ထားခဲ့တော့
စိုးရိမ် ထိတ်လန့်ကြောက်ရွံ့ခဲ့ရသည်။
ညီမဖြစ်သူ မုန်းတီးရွံရှာသွားမည်ကို
သေမတက်ကြောက်သူဖြစ်၍
သူ့ကိုယ်သူ Betaတစ်ယောက်လို
ဟန်ဆောင်ထားခဲ့ရသည်မှာ
ယနေ့ထိတိုင်ပင်။

I Hate You Where stories live. Discover now