" ဟိုလေ...ဥက္ကဌနဲ့ဥက္ကဌကတော်တို့တိတ်သင့်ပြီ
ထင်တယ်၊ဆရာ့အပိုင်ကအိပ်နေတာ၊ကျွန်တော့်ကို
မျက်နှာအထိုးမခံစေချင်ရင် သနားကြပါနော်.. "

ယောင်းဝူတားလိုက်တော့မှ ငြိမ်ကြသွားသည့်
ဂျီမင်နဲ့ယွန်းဂီဖြစ်သည်။ဒါတောင်ယွန်းဂီက
ဂျီမင်ကို ရင်ခွင်ထဲထည့်ဖက်ပြီးနမ်းနေသေး၏။
လူပျိုလေးရှေ့ မဖွယ်မရာတွေလာလုပ်သေးသည်။

" ဪ...ငါ့ပုံစံကြည့်ရတာ ရည်းစားရမဲ့ပုံမပေါ်ဘူး၊အခုဆိုစွယ်စုံရအလုပ်ကနေ ကလေးထိန်းအလုပ်ပါတိုးလာလို့ ရည်းစားမရတော့ဘူး "

ယောင်းဝူ ထိုသို့ခပ်တိုးတိုးရေရွတ်လိုက်ပြီးမှ
လျှောကျနေသည့်စောင်အပိုင်းကိုပြန်ခြုံပေးပြီး
ဆရာ့အပိုင်ကိုစောင့်ကြည့်နေရသေးသည်။

- - - - -

ဆေးရုံအပေါ်ထပ်နေရာမှာတော့ ထယ်ယောင်းနဲ့
မင်ဂယူက ခပ်ခွာခွာရပ်နေကြပြီး ဆိုးလ်မြို့ရဲ့
မြင်ကွင်းကိုကြည့်နေကြသည်။အခန်းရှေ့မှာ
ပြောဖို့ဆိုပေမဲ့ သူဒေါသထွက်တာသိရင်လည်း
ထွက်လာမှာဖြစ်သလို၊အသက်ပါနိုးလာမှာဆိုးလို့
ခေါင်မိုးထပ်မှာစကားပြောဖို့ခေါ်လိုက်တာ။

ကင်မ်ထယ်ယောင်းနဲ့ကင်မ်မင်ဂယူက အခုထိတော့
စကားမပြောကြသေးဘူး။မြင်ကွင်းတွေကိုသာ
ကြည့်ပြီးငြိမ်နေကြတာဖြစ်သည်။သို့ပေမဲ့လည်း
ထယ်ယောင်းက မင်ဂယူကိုကျေးဇူးတင်ရမည့်သူမို့
စကားစလိုက်သည်။

" ကျေးဇူးတင်ပါတယ်၊ခင်ဗျားကယ်လိုက်လို့
ကျွန်တော့်အသက် အဆင်ပြေသွားတာ၊မဟုတ်ရင်
သားဇောနဲ့ဘာတွေဖြစ်မှန်းမထင်ခဲ့ဘူး။ "

ထယ်ယောင်းကဘောင်းဘီအိတ်ထဲလက်ထည့်လို့မင်ဂယူဘက်ကိုမကြည့်ဘဲ မြင်ကွင်းတွေကိုသာဆက်ကြည့်နေရင်းမှပြောလိုက်သည်။မင်ဂယူက
ခပ်ယေးယေးပြုံးလိုက်ပြီး စကားဆိုသည်။

" မလိုအပ်ပါဘူး၊ငါခုနကကြားတယ်၊မင်းကြောင့်နဲ့
ကူးအဆင်ပြေသွားတယ်ဆိုတာလေ၊ကျေးဇူးပဲ၊
ငါကမဆိုင်တော့ပေမဲ့ မင်းကိုကျေးဇူးတင်တယ်။
ငါချစ်ရသူကို ချစ်တက်အောင်လုပ်ပေးသွားလို့။ "

Between The Hate [ Completed ]Where stories live. Discover now