"ဟား.....ဘ၀ဆိုတာဒါပဲလေ..."
ရေနွေးနွေးလေးနဲ့ရေချိုးကာ ကန်ပေါ်ကိုခေါင်းမှီရင်းမှိန်းနေသည် ။*ကျွီ*
တံခါးဖွင့်သံကြားတယ် သပတ်လာထားတာပဲဖြစ်မှာပါလေ
ဘာသံမှမကြားတာကြောင့် လှည့်ကြည့်လိုက်တော့ စစ်သူကြီး၀မ်ကကျောပေးလို့ရပ်နေလေတယ် သူတို့နှစ်ယောက်ကြားမှာ ခပ်ပါးပါးစက္ကူသာတွေမျိုးသာကာထားသော တံခါးကြီးသာရှိပါတော့တယ်။"လောင်၀မ်....ရေချိုးမလို့လား"
"မင်းအရင်ချိုးပါ"
"ရှက်နေပြန်ပြီ ယောကျာ်းလေးအချင်းချင်းမဟုတ်ဘူးလား
လာစမ်းပါ"စစ်သူကြီး၀မ်က ရှက်နေလို့ထင်ပြီးတော့ ရှောင်ကျန့်သွား
စသည် ။"ဘာလဲ...ရှက်လို့လား လာစမ်းပါ သေးသေးလေးဖြစ်နေရင်တောင်မနှိမ်ပါဘူး ကျန့်ကျန့်က "
*ဒုန်း..*
"အယ်...."
ဒုန်းခနဲဆိုသလိုပဲ တံခါးပွင့်သွားကာ စစ်သူကြီး၀မ်၀င်လာသည် ရှောင်ကျန့်ကြောင်အသွားတယ် လောင်၀မ်က တကယ်ကြီးယုံတာလား သူစမိတာလေ။
ရှောင်ကျန့်ကြောင်နေတုန်းပဲ လောင်၀မ်က အကျီတွေပါချွတ်လာတော့ ရှောင်ကျန့် ဟိုးဘက်ထောင့်ကပ်သွားကာ ကျောပေးထားသည် ဒီလိုမှန်းသိရင်သူမစခဲ့ပါဘူး ။
"ဒီဘက်လှည့်လေ"
"အ...အရူးမို့လို့လှည့်ရမှာလား မလှည့်ချင်ပါဘူး"
"အဟက်!..."
"မရီနဲ့..."
"ကျုပ်ဘောင်းဘီမချွတ်ထားဘူး"
"တကယ်လား"
"မယုံရင် လှည့်ကြည့်လေ"
လှည့်လည်းမကြည့်ရဲချေ နောက်တော့မှစဉ်းစားမိတယ်
သူတို့ကယောက်ျားလေးတွေပဲလေ ကိုယ့်ဟာကိုယ်ရှိတာပဲကို
မရဲတရဲနဲ့ လှည့်ကြည့်လိုက်တော့ လောင်၀မ်ကတစ်ဖက်လှည့်ထားကာထိုင်နေတယ် ။"လောင်၀မ်...လှည့်မကြည့်နဲ့!"
"ဘာဖြစ်လို့လဲ"
"ကျန့်ကျန့်...ဘောင်းဘီမ၀တ်ထားဘူး"
"ခွီ..."
Part 6 🦁🐰
Start from the beginning