စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 6
__________
ရှောင်ကျန့်တစ်ယောက်ယိုင်တိယိုင်ထိုးနဲ့ အိပ်ယာကနေ
ထလာသည် မနေ့က အတော်လေးသောက်ခဲ့တာပဲ ခေါင်းတစ်ချက်ခါကာ အပြင်ထွက်လာသည်။"စစ်သူကြီးကတော် နိုးလာပြီလား အဆင်ပြေရဲ့လား"
"အင်း...ခေါင်းနည်းနည်းကိုက်နေတယ်"
"အမူးပြေ စွပ်ပြုတ်လေးလုပ်ပေးမယ်နော် ခဏလောက်ထိုင်နေပါ"
"အင်း..."
ခေါင်းအတော်လေးကိုက်နေတာကြောင့် လသာဆောင်က
ထိုင်ခုံပေါ်မှာထိုင်လို့ ဘေးနားကခုံပေါ်ခေါင်းချလိုက်သည်
ဘာတွေဖြစ်သွားတာလဲ...ခေါင်းကိုက်နေတာပဲသိတယ်။"ဟင့်!...ခေါင်းကိုက်တယ်...ခေါင်းကိုက်တယ်လို့!"
မျက်နှာကိုလက်နဲ့ပွတ်လိုက်တော့ နှာခေါင်းထဲ၀င်လာတဲ့
အမွှေးနံ့သာတွေ သူ့လက်ဖဝါးကိုသူပြန်နမ်းကြည့်တော့မှ
အမွှေးနံ့တွေများ မွှန်ထူနေတာပဲ သူမူးပြီးတော့များ အမွှေးရည်ကန်ထဲလက်သွားစိမ်မိတာများလား။"စစ်သူကြီးကတော်...ဒီမှာပါ အိမ်တော်ထိန်းကြီးကစွပ်ပြုတ်လေးလာပေးခိုင်းလို့ပါ
ပူပူနွေးနွေးလေးမို့သောက်လိုက်ပါ...ဒါကတော့ခေါင်းကိုက်ပျောက်ဆေး""အင်း..."
"ခိုင်းစရာရှိရင်ခေါ်လိုက်ပါဦးနော် ကျွန်မအလုပ်သွားလုပ်ပါဦးမယ်"
"နေဦး..."
"ဟုတ်ကဲ့"
"ငါ့ယောကျာ်းရော"
"စစ်သူကြီးက စစ်ခုံရုံးမှာ အလုပ်ရှုပ်နေတယ်လို့ကြားပါတယ်"
"အော်....သွားတော့ ရပြီ"
"ဟုတ်ကဲ့"
ရှောင်ကျန့်ခေါင်းကိုတောင်အနည်းငယ်ပဲထောင်လို့ တစ်ဇွန်းချင်းဖြည်းဖြည်းလေးသောက်နေလိုက်သည် ခေါင်းကိုက်ပျောက်ဆေးဆိုလဲအရည်ကြီးပဲ ခါးမယ်ထင်သည် နှာခေါင်းပိတ်ကာ တရစပ်သောက်ချလိုက်တော့တယ် ။
"ထွီ...ဝေါ့...ခါးလိုက်တာ"
အချိန်အားဖြင့်ညနေစောင်းလောက်ရှိနေလေပြီ ခဏလောက်လသာဆောင်မှာပဲနေကာ နေသာထိုင်သာရှိအောင်လို့ရေချိုး
လိုက်တော့တယ် ။