ရက်တွေကြာခဲ့ပေမယ့်ရိပေါ်က သတိမရလာတော့ပြီမို့ ကျန့်ကျန့်ရဲ့မျက်ရည်တွေက တစ်ဖန်ကျဆင်းရပြန်သည်။

" ဟင့်အင်း...ရိပေါ်...ရိပေါ် ''

ရုတ်တရက်ထိုနေရာမှာ ကျန့်ကျန့်ရဲ့ငိုသံတွေဆူညံသွားခဲ့သည်။ အချိန်ကြာကြီးငိုနေခဲ့တဲ့ကျန့်ကျန့်ဟာ မျက်လုံးတွေ ဖောင်းအစ်နေခဲ့ပြီဖြစ်သည်။

" အချစ်ရူးလေးပဲ''

" ဘယ်သူလဲ''

ကျန့်ကျန့်က အသံကြားလိုက်ရတဲ့အတွက် ပတ်ဝန်းကျင်ကို စူးရဲစွာ ကြည့်လိုက်ပေမယ့် ဘယ်သူမှရှိမနေပေ။

အနားကိုလှစ်ခနဲရောက်လာတဲ့လက်ကို ရိုက်ချပြီး ကျန့်ကျန့်က ဓားဆွဲထုတ်ကာတစ်ဖက်လူကို ချိန်လိုက်သည်။

ကျန့်ကျန့်ရဲ့လုပ်ဆောင်ချက်တွေသည် ​သြချရောက်မလောက်ကို လျင်မြန်ဖျတ်လတ်ကာ အနုစိတ်သည်။

ရိပေါ်က ဘေးမှာငြိမ်သက်စွာလဲလျောင်းနေပြီး ကျန့်ကျန့်နဲ့ ထိုသူစိမ်းဟာ မျက်နှာချင်ဆိုင်းမတ်တပ်ရပ်နေသည်။

ထိုသူစိမ်း၏ တစ်ဖက်လက်ထဲမှာ ခေါက်ယပ်တောင်တစ်ခုရှိပြီး ကျန်လက်တစ်ဖက်ကို နောက်မှာ ဟန်ကျပန်ကျထားထားသည်။

ကျန့်ကျန့်ကို ထိုသူစိမ်းက သေချာစိုက်ကြည့်ပြီး နူတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။ မျက်နှာဖုံးနဲ့ဆိုပေမယ့် အလွန်တရာချောမောမည့် လူဆိုတာ ကျန့်ကျန့်ခန့်မှန်းမိသည်။

" သူ့ကို ငါခေါ်သွားမယ် ''

" ကျွန်တော့်ကို အရင်သတ်လိုက်လေ''

" ဟမ့် ''

တဖက်လူက ပြုံးသည်။တကယ့်ကို့အချစ်ရူးလေးပဲဆိုတဲ့အတွေးများတွေးနေမလားဆိုတာ ကျန့်ကျန့်မပြောတတ်ပါ။

" မင်းက ဒီကောင်လေးကိုအသက်မရှင်စေချင်ဘူးလား''

"ရှင်စေချင်တယ်''

ကျန့်ကျန့်က မဆိုင်းမတွဘဲ  ထိုသူစိမ်းကိုအဖြေပြန်ပေးလိုက်မိသည်။ 

" ဒါဆိုရင် ငါ့ကိုပေးလိုက်''

" ဟင့်အင်း..ကျွန်တော်မပေးနိုင်ဘူး၊ တကယ်လို့ခေါ်သွားမယ်ဆိုရင် ကျွန်တော့်ကိုပါခေါ်သွား''

The Beautiful Warrior(美丽的战士)Completed Onde histórias criam vida. Descubra agora