''စိတ်ဝင်စားချင်လွန်းလို့မဟုတ်ပါဘူး မင်းတစ်ခုခုဖြစ်သွားရင်ငါ့ကိုအပြစ်လာတင်နေကြမှာစိုးလို့ မင်းနဲ့ပတ်သက်ပြီးငါအပြစ်တင်မခံနိုင်ဘူး''

''ဘယ်သူကအပြစ်တင်မှာလဲ မမလား''

''အေး''

''အဲဒါဆိုရင်တော့ပူမနေပါနဲ့ မိုးသား​ေ.သသွားရင်တောင်မှမေမေတစ်ယောက်ပဲမိုးသားအတွက်ငိုပေးမယ့်သူရှိတာ''

''မင်းစကားကဘာစကားလဲ မင်းပြောပုံကမသိရင်သမုကပဲမင်းကိုစိတ်ထဲမရှိသလိုနဲ့ သမုကမင်းကိုဘယ်လောက်ချစ်လဲမင်းအသိဆုံးပဲမလား''

''အဲဒါအရင်ကပဲဖြစ်မှာပေါ့ အခုတော့မိုးသားကိုအားလုံးကဝိုင်းပယ်ထားတာပဲလေ''

''အဲဒါကတော့မင်းအပြစ်နဲ့မင်းပဲလေ''

''ကိုကိုကအခုထိမိုးသားကလုပ်ကြံခဲ့တယ်ပဲထင်တာလား မိုးသားဘယ်လိုလုပ်မှကိုကိုယုံမှာလဲ''

''မင်းဘာပြောပြောငါလုံးဝမယုံဘူး''

''ဟုတ်ပြီလေ အဲဒါဆိုလည်းမိုးသားဘာမှမပြောတော့ဘူး ထပ်လည်းမရှင်းပြတော့ဘူး မိုးသားတစ်ခုပဲဆုတောင်းချင်တယ် အကယ်၍ မိုးသားဘက်ကမဟုတ်တာမလုပ်ခဲ့ရင်ကိုကိုနဲ့မိုးသားတို့ဘယ်တော့မှပြန်မဆုံနိုင်လောက်အောင်ဝေးပါစေလို့''

''အဲ့ဆုကတော့ငါလည်းပြည့်စေချင်တယ်''

ထို့နောက်သူတို့ဘာစကားမှထပ်မပြောဖြစ်ကြပဲတစ်ယောက်ကိုတစ်ယောက်သာစိုက်ကြည့်နေမိခဲ့ကြ၏။

တစ်ကယ်တော့အချစ်ဆိုတာစကားလုံးလေးလှ​အောင်ပဲပေးထားကြတာ။
တစ်ကယ်ကအချစ်ဆိုတာကလည်းဝဋ်ကြွေးတစ်မျိုးပါပဲ။

💙💙

နောက်နေ့ တိမ်ယံဆိုင်မသွားဖြစ်၍အိပ်ရာကိုနောက်ကျမှထဖြစ်၏။

သူအောက်ထပ်ကိုဆင်းလာတော့မိုးသားကလက်မသန်ပေမယ့်ခေါက်ဆွဲပြုတ်အားကြိုးစားပမ်းစား စားနေတာမို့သူအမြင်မတော်ပဲခေါက်ဆွဲပြုတ်ပန်းကန်နဲ့သူမလက်ထဲကတူကိုဆွဲယူပြီး

''လက်မသန်ရင်လည်းတစ်ခြားလွယ်လွယ်ကူကူဟာစားမယ်မရှိဘူး တော်တော်ကိုယ့်ဒုက္ခကိုရှာတယ်''

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now