" အိုက်လေ့ မသိပါဘူး၊ အိုက်လေ့အထင် အချစ်ဆိုတာ ကာကွယ်ခြင်းပါပဲ''

" ကာကွယ်ခြင်း ? ပြောပါအုန်း အနက်ဖွင့်လေ''

" အနက်ဖွင့်ရမယ်ဆိုရင်တော့ တစ်ယောက်ကိုယ်တစ်ယောက်အထိခိုက်အပွန်းပဲ့မခံနိုင်တဲ့အတွက် အပြန်အလှန်ကာကွယ်တဲ့သဘောမျိူးပေါ့''

" အဟမ်း...ရပြီ ၊ သွားတော့''

ကျန့်ကျန့်က ဒီအဖြေကို သဘောကျပါတယ်။
ဒါ့ကြောင့်မို့ ခြေဖဝါးကို ပုဝါနဲ့သုတ်ပေးနေပြီဖြစ်တဲ့အိုက်လေ့ကို ထွက်သွားခိုင်းလိုက်တာဖြစ်သည်။

"ကာကွယ်တယ်?''

ကျန့်ကျန့်က တီးတိုးလေးရေရွတ်ရင်း ပြုံးလိုက်မိသည်။ မေးထောက်ပြီး စဉ်းစားခန်းဝင်ရတာလည်းအမော။ ကျန့်ကျန့်ကိုချစ်တယ်ပြောပြီး အဲ့ဒီတစ်ယောက်ပျောက်သွားလိုက်တာ ကြာနေပေါ့။
ဘယ်ရောက်နေတာလဲမသိဘူး။

ကျန့်ကျန့်က သက်ပြင်းလေးချပြီး ရွက်ဖျင်တဲရဲ့အပြင်ဘက်ကိုထွက်လာတော့ တပ်သားတွေဟာ ဟိုတစ်စုဒီတစ်စု မီးဖိုပြီးစကားပြောနေကြသလို အိပ်တဲ့သူကလည်းအိပ်နေကြပြီ။

" စစ်သူကြီး''

ကျန့်ကျန့်ကိုမြင်သွားတာနဲ့ မအိပ်ဘဲစကားပြောနေတဲ့တပ်သားတွေက အရိုအသေပေးလာကြတာမို့ ခေါင်းတစ်ချက်ညိတ်ပြလိုက်မိတယ်။

"ဒီနေ့ညလမင်းသာနေပုံက မြတ်နိုးဖွယ်ကောင်းလိုက်တာ''

တပ်သားများ''....''
လခြမ်းလေးကတိမ်ဖုံးနေတာလေ စစ်သူကြီးရယ်။

ထုတ်မပြောရဲတာမို့ စိတ်ထဲကနေ တွေးမိကြပေမယ့် စစ်သူကြီးထူးဆန်းနေတာကို အကုန်ရိပ်မိသည်။
စစ်သူကြီးက တစ်ချက်တစ်ချက်ပြုံးနေလိုက်တာများ အပျိုဖြန်းလေး အချစ်အကြောင်းတွေးနေတဲ့အတိုင်းပဲ။

တပ်သားတွေဟာ အလျင်အမြန်ပဲအကြောင်းပြချက်ရှာပြီး အနားကနေထ.ထွက်သွားကြပေမယ့် ကျန့်ကျန့်ကတော့ ပြုံးပြုံးလေးကျန်နေခဲ့တုန်းပါပဲ။

ကျန့်ကျန့်ရဲ့ရင်ဘတ်ထဲမှာ အခုလေးတင် ခံစားချက်တစ်ခုရလိုပ်တယ်။ ကျန့်ကျန့်ရင်ဘတ်ကြီးခုန်လှုပ်နေတယ်ဆိုတာပဲ။ ဘာလို့လဲမသိပေမယ့် အနားမှာလူတစ်ယောက်ရဲ့ကာကွယ်မှုခံထားရသလို နွေးထွေးလုံခြုံနေတယ်။ ဒါကလည်း အခုလေးတင်ခံစားမိတာ။

The Beautiful Warrior(美丽的战士)Completed Where stories live. Discover now