သူမရဲ့ စကားပြောပုံက ကျန်းလီက သူမရဲ့ဆုံးမပဲ့ပြင်ပေးမှုကို နားမထောင်သလို လေသံနဲ့။ အသေအချာပါပဲ သူအဲ့လိုပြောလိုက်တော့ အနားကအမျိုးသမီးတွေအားလုံးက ကိုယ်ချင်းစာသလို အကြည့်တွေ အသီးသီး ဖြစ်သွားတော့တယ်။ တချို့ပွင့်လင်းတဲ့ စိတ်သဘောထားရှိကြတဲ့ အမျိုးသမီးတွေက ပြောတယ်။

"ဒီသခင်မလေးက ယန်ကျင်းကို ပြန်မလာတာ အတော်ကြာပြီဆိုတော့ လိုက်နာသင့်တဲ့ စည်းကမ်း အစဥ်အလာတွေကို မသိလောက်ဘူး... အရမ်းငယ်သေးတဲ့အချိန်မှာ ထွက်သွားရတာဆိုတော့ သိရင်တောင် နည်းနည်းပဲ ရှိလိမ့်မယ် အဲ့တုန်းကလည်း ငယ်သေးတော့ သွန်သင်ဖို့ခက်မှာပဲ ဒါပေမယ့် အခု....."

စကားကမပြီးသေးပေမဲ့ သူမ ဆိုလိုချင်တာက အရှင်းကြီးပဲ။ ကျီရှုးရန်က အချိန်ကိုက် သက်ပြင်းချလိုက်ပြီး ယန်ရှီဘေးမှာ ထိုင်နေတဲ့ ကျန်းယွီအာက စိတ်ပျက်သလို မျက်လုံးလှန်လိုက်ပြီး ချက်ချင်းဘဲ ထပြောတယ်။

"နဂိုတုန်းက ဒုတိယမမက မမလေးသုံးရဲ့မွေးနေ့ကို တက်လို့ရမှာတောင် မဟုတ်ဘူး...ပြီးခဲ့တဲ့လက သူနေနေတဲ့ ဘုရားကျောင်းမှာ ပြဿနာတက်သွားတယ်လေ...ဘာလို့မှန်းမသိ ဦးလေး၁က အိမ်ပြန်ခေါ်ဖို့ လူတွေလွှတ်လိုက်တော့တာပဲ"

သူမရဲ့ စကားက လုံးဝပြည့်စုံပြီး ကြားလိုက်တဲ့ သခင်မတွေက နောက်ထပ် အဓိပ္ပာယ်တစ်ခုရှိနေသေးတာကို သိလိုက်ကြတယ်။ အခုနက ပြောတဲ့ တစ်ယောက်ကပဲ ကျီရှုးရန်ကို ညင်သာစွာ ထောက်ပြတယ်။

"ကြည့်ရတာ အဲဒီ ဒုတိယသခင်မလေးက အရည်အချင်း ရှိပုံပဲ"

ကျန်းလီက မြို့တော်ကိုပြန်လာနိုင်တာက ထက်မြက်ပြီး ကိုင်တွယ်ဖို့ခက်မဲ့သူဆိုတာ ညွှန်ပြနေတယ်ဆိုပြီး သူမက ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ထောက်ပြခဲ့တယ်။

ဘေးနားကနေ သခင်မလျူက ထိုစကားတွေကြားတော့ ကျန်းလီဘက်က ရပ်တည်ပေးရင်း တစ်ခုခု ပြန်ပြောချင်ပေမဲ့လည်း ဒီနေ့ရောက်လာတဲ့ လူတွေအားလုံးက ကျီရှုးရန်နဲ့ စိတ်ထဲကမပါတောင် အပေါ်ယံ မိတ်ဆွေဖွဲ့ချင်ကြတာကြောင့် သူမစကားတွေကို ဘယ်သူမှ နားမထောင်အရေးမလုပ်ကြမှာတောင် စိုးရတယ်။ အဲ့လိုကပဲ ကျန်းလီအတွက် ပိုဒုက္ခရောက်သွားစေမှာ။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now