အပိုင်း(၂)

7.3K 320 9
                                        

Unicode

ကျွန်မစိတ်ထဲ သူသာစိုးမိုးနေသည်။
အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက်လုံးလည်း သူ့အကြောင်းကိုသာ တွေးနေမိခဲ့တာ ယခုအိမ်ရောက်တဲ့အထိပါပဲ။

"မမ"

ကျွန်မခေါ်လိုက်တော့ စက်ချုပ်နေတဲ့မမကမော့ကြည့်လာသည်။
မမကစက်ချုပ်တဲ့အလုပ်မှာနာမည်တစ်ခုရပြီးသားမို့ ဒီအလုပ်ကသူ့အတွက်တော်တော်ပိုလျှံတဲ့ဝင်ငွေရသည်။ကျွန်မကတော့စက်ချုပ်ရတာဝါသနာမပါပေ။မမကသင်ပေးမယ်ပြောပေမဲ့စိတ်မဝင်စားလို့မသင်ခဲ့ပါ။

"မမသူငယ်ချင်းက စကားပြောရ လက်ပေါက်ကပ်လိုက်တာ"

မမကိုစကားစလိုက်သည်။
မမဆီက သူ့အကြောင်းတွေနောက်ထပ်ကြားရဖို့ရည်ရွယ်ရင်းပေါ့။

ကျွန်မစိတ်ကို စိုးမိုးထားတဲ့သူသည် ဘယ်လိုလူမျိူးဆိုတာ သိချင်မိတာကိုတော့ ကျွန်မ မလွန်ဘူးမလား။


"လှိုင်းကအဲ့လိုပဲ...တစ်ခါတလေဆို သူပြောဆိုပုံနဲ့စိတ်တောင်ဆိုးရတယ်"

မမကကျွန်မစကားကို ရယ်မောရင်းတုံ့ပြန်လာသည်။
ကျွန်မနဲ့ သူရဲ့အခြေအနေကိုကြိုသိသည့်ပုံနှယ်။

"တော်ရုံလူဆို မရဘူး လရိပ်ရဲ့"

ဒါလည်းဖြစ်နိုင်သည်။ဒီလောက်လက်ပေါက်ကပ်တဲ့သူမျိုးမမြင်ဖူးပါ။
မိမိတောင်မှတစ်ခါထဲတွေ့ဖူးတာ‌လေးကို သူ့ကိုဒေါသထွက်မိသေးတာပဲ။

'ရှင်ကလေ သိပ်ကိုစိတ်ဆိုးချင်စရာကောင်းတာပဲ...သိရဲ့လား'

သူ့မျက်ဝန်းညိုတွေကို မြင်ယောင်ရင်း စကားအချို့ကိုစိတ်ထဲတွင်ရေရွတ်မိတော့ မျက်နှာတစ်ခုလုံးနွေးသွားရသည်။

"ဒါပေမဲ့.. လှိုင်း စကားပြောဟန်ကတစ်မျိုး
တော့ချစ်စရာကောင်းပါတယ်"

အင်း။ကျွန်မလက်ခံပါသည်။
သူ့စကားပြောဟန်လေးကသူများတွေနှင့်မတူတာတော့အမှန်ပါ။မမပြောသလို ချစ်စရာကောင်းတယ်လို့တော့မထင်မိပါ။တစ်ဖက်လူကိုစိတ်လှုပ်ရှားသွားစေတာမျိုးဆိုရင်ပိုမှန်လိမ့်မည်။

"မမက သူနဲ့အသက်တူတူပဲလား"

"လှိုင်းကမမထက်တစ်နှစ်ကြီးတယ်"

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်း(Completed)Where stories live. Discover now