Part-70(Another side)

671 59 3
                                        

Unicode

နှင်းအိဖြူ လက်တစ်ဖက် ပတ်တီးအဖွေးသားနှင့် နန်းကို တစ်ယောက်တည်း ဘယ်လိုမှ စိတ်မချနေမိတော့တာကြောင့် အိမ်သို့ ခေါ်လာခဲ့ပြီး အလုပ်သွားစရာ ရှိတဲ့အခါလည်း နှင်းအိဖြူကိုယ်တိုင် လိုက်ပို့ပေးသည်။

တရားရုံးသို့ အမှုရင်ဆိုင်ရန် သွားသည့်အခါလည်း နှင်းအိဖြူဟာ မပါမဖြစ်။

ခွန်းသဒ္ဒါသွယ် ဘယ်နေရာသွားသွား နှင်းအိဖြူလြ်း အမြဲပါနေတတ်လို့ ခွန်းရဲ့ အလုပ်က လူတွေဟာ မင်းသမီးလေးလို့ နှင်းအိဖြူကို သိနေကြသူမှာ မေးလာသည့်အခါ ခွန်းမှာ တစ်ခါတည်း မိတ်ဆက်ပေးလိုက်သည်။

သို့ပေမဲ့ အားကျသလို မနာလိုဝန်တိုသူများဟာလည်း တွဲပါလာတတ်တာကြောင့် ခွန်းမှာ ကြိုသိနေပြီးသားဆိုပေမဲ့လို့ အချစ်ကလေးဟာ ခွန်းနဲ့ ပက်သက်ရင် လုံးဝအထိမခံပေ။

တစ်နေ့တွင် ရုံး၌ လိုအပ်သည့် စာရွက်စာတမ်းများ သွားယူချိန် ခွန်းတစ်ယောက်တည်း ရှိနေသည့် ခဏ အလုပ််က ယောက်ျားလေးနှစ်ယောက်မှာ ခွန်းကို စကားလာပြောရာ သူဌေးသမီး ဖြစ်တဲ့ နှင်းအိဖြူကို ကပ်တော့ အကောင်ကြီးကြီးကို ဖမ်းမိသွားတာပေါ့ ဆိုပြီး နှိမ်သည့် စကားအသွားအလာမျိုး ဆိုလာသည်။

သို့ပေမဲ့ အမှန်ဆို ခွန်းလည်း နှင်းအိဖြူတို့လောက် အလျှံအပယ် မဟုတ်သော်လည်း သုံးနိုင် ဖြုန်းနိုင်သည့် အခြေအနေပေ။

ထိုသည်ကို ခွန်းမှာ နောက်ခံမိသားစုအကြောင်းကို ဖွင့်မဟထားသူ ဖြစ်တာကြောင့် နှင်းအိဖြူတို့လို လူရင်းတွေမှသာ သိကြလေသည်။

သူတို့ ပြောလာကြသော စကားတို့အား ခွန်းဘက်မှ တုံ့ပြန်ခြင်းမရှိ ၊ နားသာ ထောင်နေပေးလိုက်ပေမဲ့ ကြားသွားပါသော နှင်းအိဖြူကတော့ အငြိမ်မနေနိုင်ပေ။

လက်ထဲ၌ ပါလာသော ကော်ဖီခွက်အား မျက်နှာတည့်တည့်ပက်ပစ်ပြီးကာမှ 'ဆောရီးနော် လက်ချော်သွားလို့' ဆိုကာ ပညာပြခဲ့ပါသော လူဆိုးမလေးဟာ တစ်ကယ့်ကို မလွယ်ကြောလေးပင်။
ထိုအချိန်တုန်းက ကော်ဖီခွက်မှာ နွေးရုံလေး ဖြစ်နေ၍ တော်သေးသည် ပြောရမည်။

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Место, где живут истории. Откройте их для себя