He is Mine - final

Start from the beginning
                                    

" Binn ငိုထားတာလား ၊ မောင့်ကိုပြပါအုံး ဘာလို့လဲဗျာ နှာထိပ်လေးတောင်ရဲနေတယ် "

" မင်းကိုပိုင်ဆိုင်ရတော့မယ်ဆိုတာ အိမ်မက်တစ်ခုလိုပဲဆွန်းဟန် ၊ ဒီအခြေအနေကို ခုထိမယုံနိုင်သေးဘူး "

" ဘာတွေများမယုံနိုင်ဖြစ်နေရတာလဲဗျာ မောင်ဒီမှာလေ မင်း‌ရဲ့အမျိုးသားဖြစ်လာတော့မှာ "

ယခုနေ့သည် သူတို့နှစ်ဦး၏မင်္ဂလာပွဲလည်းဖြစ်ပါသလို Wonbin ၏မွေးနေ့လည်းဖြစ်သည်။

ဆွန်းဟန်သည် လက်ဖျားလေးများအေးနေသောWonbin လက်ကလေးများကို တယုတယ ဆုပ်ကိုင်လိုက်ပြီး အနမ်းပေးကာ Wonbin နားထင်လေးအားထပ်မံနမ်းလိုက်ပြီးဖက်ထားလိုက်တော့သည်။

တစ်ဦးရင်ခုန်သံကိုတစ်ဦးကြားရသည်အထိ စိတ်လှုပ်ရှားနေကြပြီး သူတို့တွင် ကြည်နူးစိတ်၊မြတ်နိုးစိတ်များဖြင့် တစ်ဦးကိုတစ်ဦးလွှမ်းခြုံထားကြလေသည်။

//

ဆင်ဆွယ်ရောင်သတို့သားဝတ်စုံဆင်တူဖြင့် ပန်းရောင်ဖျော့ဖျော့ကောဇောထက် လမ်းလျှောက်လာသောအမျိုးသားနှစ်ဦးသည် ချိတ်တွဲထားသောလက်များကမြဲမြံနေခဲ့ပြီး တစ်ဦးကိုတစ်ဦးမြတ်နိုးစွာကြည့်ရင်း နှုတ်ခမ်းထက်အပြုံးကိုယ်စီဖြင့် ခန်းမထက်သို့တလှမ်းချင်းလျှောက်ဝင်လာကြသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဆင်ဆွယ်ရောင်သတို့သားဝတ်စုံဆင်တူဖြင့် ပန်းရောင်ဖျော့ဖျော့ကောဇောထက် လမ်းလျှောက်လာသောအမျိုးသားနှစ်ဦးသည် ချိတ်တွဲထားသောလက်များကမြဲမြံနေခဲ့ပြီး တစ်ဦးကိုတစ်ဦးမြတ်နိုးစွာကြည့်ရင်း နှုတ်ခမ်းထက်အပြုံးကိုယ်စီဖြင့် ခန်းမထက်သို့တလှမ်းချင်းလျှောက်ဝင်လာကြသည်။

♬♪♪Not sure if you know this

But when we first met

I got so nervous I couldn't speak ♪

ခန်းမအတွင်း Beautiful in white သီချင်းသံအေးအေးကပျံ့လွင့်နေပြီး သူတို့နှစ်ဦး၏ပထမဆုံးတွေ့ဆုံရာအချိန်သို့သတိရစေသည်။

♪ In that very moment
I found the one And my life had found its missing piece ♪

♪ So as long as I live I love you
Will heaven hold you
You look so beautiful in white ♪

He is MineWhere stories live. Discover now